“နေပူရှိန်ပြင်းမှုကြောင့် ပျဉ်းမပင်ဒုက္ခသည်စခန်းမှ ကလေးငယ် ၅၀ ဦးခန့် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်နေ”


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် (မြေသိမ်းခံ) ဒုက္ခသည်စခန်းမှ ဒုက္ခသည်ကလေး ငယ်များသည် နေပူပြင်းမှုကြောင့် ၀မ်းပျက်၊ ၀မ်းလျှောရောဂါများနှင့် အခြားကျန်းမာရေးဆိုင်ရာ ဝေဒနာများဖြစ် ပွားနေသည်ဟု ဒုက္ခသည်များထံမှ သိရသည်။


“ရန်ကုန်မြို့ရဲ့ အနီးဆုံးတနေရာမှာ ဒုက္ခသည်စခန်းတခုဖွင့်ပြီး ဒုက္ခသည်တရာကျော်ရှိနေတာ လူတွေမသိကြ ဘူး။ ဒုက္ခသည်စခန်းဖွင့်ပြီးနေတာ ရက်တရာပြည့်တော့မယ်။ ရေသုံးစရာမရှိလို့ မြို့နယ်ထွေ/အုပ်ကိုသွားပြော တော့ မီးသတ်ကားနဲ့ ရေဂါလံ ၈၀၀ လာလှူပေးတယ်။ အရင်တုန်းက ပြောထားသလို ကျန်းမာရေးစောင့် ရှောက်မှုတခုမှ မရဘူး။ နေပူထဲမှာ ရွက်ဖျင်တဲလေးတွေ ထိုးနေရတော့ မြင်တဲ့အတိုင်းပဲ။ နေအရမ်းပူတော့ ကလေးတွေ ဖျားနာ၊ ၀မ်းပျက်၊ ၀မ်းလျှောဖြစ်တာ အယောက် ၅၀ လောက်ရှိတယ်။ ဖြစ်နိုင်ရင် ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုကို ကူညီပေးစေချင်ပါတယ်”ဟု အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူ မသင်းသင်းက News Watch သို့ ပြောသည်။


အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူများမှာ ယခင်က ပျဉ်းမပင်စက်မှုဇုန်ဝင်းအတွင်း၌ နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏နေအိမ်များ ဖျက်သိမ်းခံလိုက်ရသည့် ၂၀၁၆ ဇန်န၀ါရီ ၂၇ ရက်မှစတင်၍ မင်္ဂလာဒုံမြိုကနယ် ပေါ်စကိုသင်္ဘောဆေးစက်ရုံးအနီး၌ ဒုက္ခသည်စခန်း ဖွင့်လှစ်နေထိုင်လျက်ရှိကြပြီး ဒုက္ခသည်စခန်းဖွင့်လှစ်သည့်ရက်ပေါင်း ၆၃ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

အောင်သူရိန်
https://www.facebook.com/NewsWatchJournal
“နေပူရှိန်ပြင်းမှုကြောင့် ပျဉ်းမပင်ဒုက္ခသည်စခန်းမှ ကလေးငယ် ၅၀ ဦးခန့် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်နေ”  “နေပူရှိန်ပြင်းမှုကြောင့် ပျဉ်းမပင်ဒုက္ခသည်စခန်းမှ ကလေးငယ် ၅၀ ဦးခန့် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်နေ” Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.