အာဖဂန်နစ္စတန် အရှေ့ ပိုင်းတွင် စစ်သွေးကြွ ၅၃ ဦး လက်နက်ချအညံ့ခံ

အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ တာလီဘန် စစ်သွေးကြွနှစ်ဦးကို လက်နက်များနှင့်အတူ တွေ့ ရစဉ် ( ဓာတ်ပုံ - ဆင်ဟွာ )
    Jalalabad၊ အာဖဂန်နစ္စတန် ၊ မတ် ၂၇ ရက် ( ဆင်ဟွာ)

    အဖဂန်နစ္စတန်နိုင်ငံ အရှေ့ ပိုင်းရှိ Nangarhar ပြည်နယ်တွင် မတ်လ ၂၇ ရက်က စစ်သွေးကြွတိုက်ခိုက်ရေးသမား ၅၃ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

“ ဒီနေ့ မှာ လက်နက်ချအညံ့ခံလာတဲ့ တာလီဘန် ၄၃ ဦး နဲ့ အိုင်အက်စ် ၁၀ ဦး ၊  စုစုပေါင်း စစ်သွေးကြွ ၅၃ ဦးကို ကျနော်တို့ လက်ကမ်းကြိုဆိုခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ လက်နက်ကိုင်တိုက်ခိုက်နေသူအားလုံးကို လက်နက်တွေ စွန့် လွှတ်ကြဖို့ ဒီနေရာက ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြည်နယ်အဆင့်မြင့် ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ ခေါင်းဆောင် Malik Nazir က ကြိုဆိုပွဲအခမ်းအနားတွင် ပြောကြားသည်။

အကြမ်းဖက် စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ခရိုင် ၄ ခုတွင် နှစ်များစွာအကြမ်းဖက်တိုက်ခိုက်လာကြပြီး ထိုသူများသည် လာမည့် ရက်သတ္တပတ်များတွင် အညံ့ခံလာကြမည်ဟု ယုံကြည်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ လက်နက်ချပွဲတွင် စစ်သွေးကြွ ၅၃ ဦးသည် ၄င်းတို့ ၏ လက်နက်များကို ဒေသဆိုင်ရာ အာဏာပိုင်များထံသို့ လက်ရောက်ပေးအပ်ခဲ့ကြသည်။ အလင်းဝင်ရောက်လာသူအားလုံးကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးသွားမည်ဖြစ်ကြောင်း Nangarhar ပြည်နယ် အုပ်ချုပ်ရေးမှူး Salim Khan Kunduzi က ကတိပြုပြောကြားသည်။
အဆင့်မြင့်ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ချက်အရ ၂ဝ၁ဝ ပြည့်နှစ် မှ စတင်ပြီး တာလီဘန် စစ်သွေးကြွ ၁ဝ,ဝဝဝ ကျော် လက်နက်ချ အညံ့ခံပြီး လူ့ အဖွဲ့ အစည်းတို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ သို့ သော် တာလီဘန် အဖွဲ့ ကမူမည်သည့် တာလီဘန်တစ်ဦးတစ်ယောက်မျှ လက်နက်ချ အညံ့ခံခဲ့ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

( Xinhua )
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန် အရှေ့ ပိုင်းတွင် စစ်သွေးကြွ ၅၃ ဦး လက်နက်ချအညံ့ခံ  အာဖဂန်နစ္စတန် အရှေ့ ပိုင်းတွင် စစ်သွေးကြွ ၅၃ ဦး လက်နက်ချအညံ့ခံ Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.