ပါကစ္စတန် အနောက်မြောက်ပိုင်း၌ ဘတ်စ်ကားတစ်စီး ဗုံးဖောက်ခွဲခံရ အစိုးရ၀န်ထမ်း ၁၅ ဦးသေဆုံး


ပက်ရှ်ဝါ မတ် ၁၆

ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့၌ ဗုဒ္ဓဟူးနေ့က အစိုးရဝန်ထမ်းများလိုက်ပါလာသော ဘတ်စ်ကားတစ်စီးပေါ်တွင် ဗုံးဖောက်ခွဲခံရမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးခဲ့ ကြောင်း သက်ဆိုင်ရာက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် ပက်ရှ်ဝါဒေသ တစ်ဝိုက်မှ ဝန်ထမ်းများကို လုပ်ငန်းဌာနသို့ ပို့ဆောင်ရန် တင်ဆောင်ခဲ့ပြီးနောက် အဓိက လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားအတွင်း၌ဖြစ်ပွားသော အဆိုပါ ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် စောသေးကြောင်း၊ ဘတ်စ်ကားပေါ်၌ လိုက်ပါလာ သူ ၄ဝ မှ ၅ဝ အထိရှိကြောင်း ထိပ်တန်းရဲအရာရှိ ဖြစ်သူ မိုဟာမက်ကာရှစ်က ပြောသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပါကစ္စတန် အနောက်မြောက်ပိုင်း၌ ဘတ်စ်ကားတစ်စီး ဗုံးဖောက်ခွဲခံရ အစိုးရ၀န်ထမ်း ၁၅ ဦးသေဆုံး  ပါကစ္စတန် အနောက်မြောက်ပိုင်း၌ ဘတ်စ်ကားတစ်စီး ဗုံးဖောက်ခွဲခံရ အစိုးရ၀န်ထမ်း ၁၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.