ယူဂန်ဒါနိုင်ငံ၌ ရွေးကောက်ပွဲ အနိုင်ရရှိရန် နိုင်ငံသမားများက ကလေးငယ်များကို သတ်ဖြတ် ယစ်ပူဇော်လျက်ရှိ


ကမ်ပါလာ ၊ ၃-၃-၂၀၁၆

ယူဂန်ဒါနိုင်ငံ အလယ်ပိုင်းရှိ ခရိုင်များစွာ တွင် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အနိုင်ရရှိစေရန် နိုင်ငံရေးသမား များက ကလေးငယ် များကို သတ်ဖြတ်၍ ယဇ်ပူဇော် ခဲ့ကြကြောင်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကလေးငယ်များ ကယ်ဆယ်ရေး အဖွဲ့ KCM ၏ ထုတ်ပြန်ချက် အရ သိရသည်။

၎င်းနိုင်ငံရှိ အက်စ်ဆမ် ဘာဘဲလ်၊ မူကွန်နို၊ ဘိုင်ကွေ နှင့် မူဘန်နီခရိုင် တို့တွင် ကလေးငယ် ခြောက်ဦးကို ကိုယ်အင်္ဂါများ ဖြတ်တောက်၍ သတ်ဖြတ် ထားကြောင်းနှင့် ၄င်း ကလေးငယ်များ သတ်ဖြတ်မှုကို သမ္မတ ရွေးကောက် ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲ ကာလအတွင်း ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လနှင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ တို့တွင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း KCM အဖွဲ့က ပြောကြား ထားသည်။

ကလေးငယ် များအား သတ်ဖြတ်ခဲ့ သူများကို ဖမ်းဆီးပြီး ထိန်းသိမ်းထား သော်လည်း ၄င်းတို့အား တရားစွဲဆို နိုင်ခြင်းမရှိသေး ကြောင်းနှင့် ကလေးငယ်များကို သတ်ဖြတ် ယဇ်ပူဇော်မှုသည် ရွေးကောက်ပွဲ ကာလအတွင်း မကြာခဏ ဖြစ်လေ့ရှိကြောင်း KCM အဖွဲ့မှ ရှီလင်ကာဆိုဇီ က ပြောကြား ထားသည်။

ယူဂန်ဒါနိုင်ငံ တွင် အရွယ်ရောက် ကလေးငယ် များကို သတ်ဖြတ်မှုများ မကြာခဏ လုပ်ဆောင် နေကြပြီး သက်ရှိ လူသားတစ်ဦး ကို သတ်ဖြတ်ခြင်းသည် ယုံကြည်မှုနှင့် ဓလေထုံးတမ်း များအဖြစ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အများစုက ယုံကြည် ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ယူဂန်ဒါနိုင်ငံ၌ ရွေးကောက်ပွဲ အနိုင်ရရှိရန် နိုင်ငံသမားများက ကလေးငယ်များကို သတ်ဖြတ် ယစ်ပူဇော်လျက်ရှိ  ယူဂန်ဒါနိုင်ငံ၌ ရွေးကောက်ပွဲ အနိုင်ရရှိရန် နိုင်ငံသမားများက ကလေးငယ်များကို သတ်ဖြတ် ယစ်ပူဇော်လျက်ရှိ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.