မိတ္ထီလာစက်မှုဇုန် တိုးဂိတ်အနီး ကွန်ကရစ်ဘောင်အား ဆိုင်ကယ်ဖြင့် တိုက်မိရာမှ ဗိုလ်ကြီးတစ်ဦး ပွဲချင်းပြီး သေဆုံး


ဝမ်းတွင်း၊ မတ်လ(၂၅) ။ ။ သာစည်မြို့နယ်၊ မိတ္ထီလာမြို့ရှောင်လမ်းတွင် မတ်လ(၂၄)ရက်နေ့ ညပိုင်းက နေပြည်တော်မှ ပြန်လာသော တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး ကွန်ကရစ်ခင်းထားသော ဘောင်အားတိုက်မိကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ရေးမြို့နယ်၊ လမိုင်းကျေးရွာ ခမရ(၁၀၆)မှ ဗိုလ်ကြီးအောင်ခန့်မော်ဖြစ်ကြောင်း၊ နေပြည်တော်မှ ညီဖြစ်သူ ကိုအောင်မင်းသော်နှင့်အတူ ဆိုင်ကယ်စီး၍ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မှောက်သည့် နေရာသည် မိတ္ထီလာစက်မှုဇုန် တိုးဂိတ်အနီးတွင် ကွန်ကရစ်ခင်းလျှက်ရှိသည့် လမ်းဘေးဘောင်အား ၀င်ရောက် တိုက်မိသွားခြင်းဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှုကြောင့် ဗိုလ်ကြီး အောင်ခန့်၏ ၀ဲဘက်ရင်ဘတ်တွင် ညိုမဲဒဏ်ရာ၊ မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ဒူးပေါက်ပြဲဒဏ်ရာများရရှိကာ နားအတွင်းမှ သွေးများယိုစီး၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူအား ၀မ်းတွင်း ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ စစ်ဆေးလျှက်ရှိပြီး သာစည်မြို့နယ် ဟံဇာနယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ (၃၀၄-က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ။ ‪‎ကိုလင်း‬(၀မ်းတွင်း)
Tachileik News Agency
http://www.tachileik.net
မိတ္ထီလာစက်မှုဇုန် တိုးဂိတ်အနီး ကွန်ကရစ်ဘောင်အား ဆိုင်ကယ်ဖြင့် တိုက်မိရာမှ ဗိုလ်ကြီးတစ်ဦး ပွဲချင်းပြီး သေဆုံး  မိတ္ထီလာစက်မှုဇုန် တိုးဂိတ်အနီး ကွန်ကရစ်ဘောင်အား ဆိုင်ကယ်ဖြင့် တိုက်မိရာမှ ဗိုလ်ကြီးတစ်ဦး ပွဲချင်းပြီး သေဆုံး Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.