ကျိုက်မရောမြို့နယ် ပေါလောကျေးရွာတွင် ဇနီးကခင်ပွန်းအား ပေါက်တူးဖြင့် ခုတ်သဖြင့် သေဆုံး


မွန်ပြည်နယ် ကျိုက်မရောမြို့ နယ် ပေါလောကျေးရွာနေ ပြည်သူ့ စစ်ခေါင်းဆောင်ဦးထွန်းဝေ(၅၅နှစ်) က ပေါလောကျေးရွာအနောက်စုနေ ဦးလှရွှေ(၅၈နှစ်)သည် ယမန်နေ့ နံနက် ၉နာရီတွင် ၄င်း၏ နေအိမ်အောက်ရှိ ပက်လက်ကုလားထိုင်ပေါ်တွင် သေဆုံးနေကြောင်း ချောင်း နှစ်ခွနယ်မြေရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ရာ ဦးလှရွှေ (ခ)ဦးကုလားအား ဝဲဘက်နား ထင်ပေါက်ပြဲ ဒဏ်ရာတစ်ချက်နှင့် ဝဲဘက်မျက်လုံးဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ် ဆေးတွေ့ရှိရသည်။၊

 ဖြစ်စဉ်မှာ ယခုလ ၉ ရက် ည ၈ နာရီက ဦးလှရွှေ (ခ)ဦးကုလားနှင့် ဇနီးဖြစ်သူ ဒေါ်ညွန့်ရီ(၅၄နှစ်) (ဘ) ဦးလူပိန်တို့သည် စကားများရန်ဖြစ်ရာမှ ဒေါ်ညွန့်ရီက အရှည်သုံးပေခန့်ရှိ ဝါးရိုးတပ်ပေါက်တူးဖြင့် ခုတ်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ် နှင့်ပတ်သက်၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှ ဒေါ်ညွန့်ရီကို (ပ) ၅/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃ဝ၂အရ အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
http://uniondaily.net
ကျိုက်မရောမြို့နယ် ပေါလောကျေးရွာတွင် ဇနီးကခင်ပွန်းအား ပေါက်တူးဖြင့် ခုတ်သဖြင့် သေဆုံး  ကျိုက်မရောမြို့နယ် ပေါလောကျေးရွာတွင် ဇနီးကခင်ပွန်းအား ပေါက်တူးဖြင့် ခုတ်သဖြင့် သေဆုံး Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.