နိုင်ငံခြားသားသုံးဦး ငွေလွှဲစင်တာတစ်ခုမှ အမေရိကန် ဒေါ်လာခြောက်သောင်း လိမ်လည်မှုဖြစ်ပွား


မတ် ၁၇ ။

မန္တလေးမြို့၊၂၇-လမ်း၊ ၈၁လမ်းနှင့် ၈၂ လမ်းကြားရှိ Central Money Changerသို့ မတ်လ ၁၅- ရက်နေ့ နံနက် ၁၀-နာရီခွဲဝန်းက နိုင်ငံခြားသား သုံးဦးရောက်ရှိ လာပြီး အမေရိကန် ဒေါ်လာခြောက်သောင်း လိမ်လည် ရယူ၍ မတ်လ ၁၅-ရက်က ထိုင်းနိုငံသို့ Bangkok Airways ဖြင့် ထွက်ခွာ သွားကြောင်း မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ မှ သိရသည်။

၎င်းတို့သည် ယင်းလေကြောင်းလိုင်းမှ လေယာဉ် အမှတ် HS-PPD၊ လေယာဉ်အမျိုးအစား A- 320 (Air Bus)၊ ခရီးစဉ်အမှတ် PG-710 ဖြင့် မွန်းလွဲ၁-နာရီ ၁၅-မိနစ်က ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး
၎င်းတို့မှာ ဂျော်ဂျီယာနိုင်ငံသား Mr.Koba Narmania Mr.Nugzar Narmania. Mr.Malkahz Narmania တို့ဖြစ်သည်။

ဖြစ်စဉ်မှာ မတ် ၁၂-ရက်နေ့က အမေရိကန်ဒေါ်လာ ၁၀၀-တန် တစ်ရွက်လာရောက်ရောင်းချခဲ့ပြီး ၁၃-ရက် နှင့် ၁၄- ရက်တွင် တစ်ရက်လျင် ဒေါ်လာ၂၀၀- လာ ရောက် ၀ယ်ယူခဲ့ကြောင်း၊ ၁၅-ရက်နေ့တွင် ရောက်ရှိ လာပြီး ဒေါ်လာခြောက်သောင်း လဲလှယ်လိုကြောင်း ပြောဆိုသဖြင့် ငွေလဲလှယ်ရေးမှ ဒေါ်လာ ၁၀၀-တန်( ဒေါ်လာခြောက်သောင်း)ကို မြန်မာငွေ ၁၂၁၀ နှုန်းဖြင့် တွက်ချက်လဲလှယ်ရန် ထုတ်ပြခဲ့ဟု ဆိုသည်။

ထို့နောက် နိုငံခြားသားနှစ်ဦးက ရေတွက်ပြီး ၄င်းတို့အိတ်အတွင်း ထည့်နေစဉ် ဒေါ်သန်းသန်းမြိုင်က ဖုန်း လာသဖြင့် ဖုန်းစကားပြောနေစဉ် ဒေါ်လာငွေ အိတ်ကို ခေတ္တထားခဲ့ပြီး မြန်မာငွေနှင့် ပတ်စ်ပို့ယူ ကာ ထွက် ခွာသွားကြောင်း၊ ထွက်ခွာပြီး မကြာမီ၎င်းတို့ ထားရစ်သည့် အိတ်အတွင်းမှ ငွေများကို ရေတွက်ရာ အပေါ်နှင့်အောက်တွင် ၁၀၀-တန်များ ညှပ်ထားကာ အတွင်းမှ တစ်ဒေါ်လာတန်ငွေစက္ကူများ ဖြစ်နေ၍ ဒေါ်လာငွေ ၁၁၂၆ ဖြင့် ဒေါ်လာခြောက်သောင်းကို လိမ်လည်ရယူသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Central Money Changer သို့ သွားရောက်မေးမြန်းရာတွင် အချိန် ၁၅-မိနစ်ခန့်နောက်ကျမှ သိရှိခဲ့ရ ကြောင်း ၊ အဆိုပါ လိမ်လည်ယူဆောင်သွားသည်မှာ မှန်ကန်ကြောင်းနှင့် နောက် ၁၅-ရက်ခန့်မှ ရှင်းလင်း ပြောပြမည်ဟုဖြေကြားသည်။

လိမ်လည်သွားသူများမှာ မန္တလေးမြို့ ကောင်းမြင့်ဟိုတယ်တွင် မတ် ၁၃-ရက်နေ့မှ ၁၄-ရက်နေ့ထိ တည်းခို နေထိုင်ခဲ့ပြီး ၁၅-ရက်နေ့တွင် အခန်းအပ်၍ ထွက်ခွာ သွားကြောင်း သိရပြီး နယ်မြေရဲစခန်းအမှတ် ၈-သို့ အမှုဖွင့်တိုင်တန်းခဲ့ရာ (ပ)၉၆/၂၀၁၆။ ဥပဒေပုဒ်မ ၄၂၀/၄၀၆/၁၁၄ တို့ဖြင့် အမှုလက်ခံထားပြီး ဖမ်းမိနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

Mandalay News (fb)
နိုင်ငံခြားသားသုံးဦး ငွေလွှဲစင်တာတစ်ခုမှ အမေရိကန် ဒေါ်လာခြောက်သောင်း လိမ်လည်မှုဖြစ်ပွား  နိုင်ငံခြားသားသုံးဦး ငွေလွှဲစင်တာတစ်ခုမှ အမေရိကန် ဒေါ်လာခြောက်သောင်း လိမ်လည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.