ဘန်ကောက်မြို့  ဗဟိုဘဏ်မီးလောင် အလုပ်သမား (၁၀)ဦးသေဆုံး


မနေ့မတ်လ ၁၃ရက်နေ့ည ၉နာရီခွဲတွင် ဘန်ကောက်မြို့ ရတ်ချဒါလမ်းမှာရှိတဲ့ ထိုင်ဖာနစ်ဆိုတဲ့(Siam Commercial Bank(SCB) ၄၃ထပ်ရှိ ဗဟိုဘဏ်ကို မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၁၀ဦးသေဆုံးပြီး
၇ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။


၎င်းတိုက်ခန်းအတွင်းကို ၀င်ရောက် ကယ်ဆယ်ရာမှာ လက်ဗွေ Scan စနစ်ဖြင့် ၀င်ရသည့်အတွက် အခက်အခဲရှိခဲ့လို့ တံခါး နံရံဖျက်ဆီးခြင်းဖြင့် ၀င်ရောက် ကူညီကယ်ဆယ် ခဲ့ပါတယ်။

ညပိုင်းဖြစ်ပွားတာမို့ ဘဏ်ဝန်ထမ်းတွေ ပြန်ုကြပါပြီ မီးလောင်ခဲ့သော လူတွေဟာ ညဆိုင်းမှ ပြုပြင်ရေးအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။


အစောပိုင်းက ကောလာဟလ သတင်းဖြစ်သော ဗုံးပေါက်ကွဲမှုဆိုတာ မဟုတ်မမှန်ကြောင်း မီးထိန်းစံနစ်ချို့ယွင်းမှုကနေ စလောင်ကျွမ်းကြောင်း တာဝန်ရှိကပြောသွားပါတယ်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူတွေ အားလုံး SCB ဘဏ်မှ တာဝန်ယူကူညီပေး သွားမယ် လို့သိရပါတယ်။

MTF -KHOSOD
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ဘန်ကောက်မြို့  ဗဟိုဘဏ်မီးလောင် အလုပ်သမား (၁၀)ဦးသေဆုံး   ဘန်ကောက်မြို့  ဗဟိုဘဏ်မီးလောင် အလုပ်သမား (၁၀)ဦးသေဆုံး Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.