ယနေ့ မနက်ပိုင်း ထိုင်နိုင်ငံ ဖုနွိမ်း ရဲစစ်ဆေးရေး ဂိတ်မှာ မြန်မာနိုင်ငံသား (၄၆ )ဦး ဖမ်းဆီးခံရ


News update 6March 2016

ထိုင်နိုင်ငံ ကန်ချဘူရီ စိုင်ယို့  ခရိုင်အတွင်း ယနေ့ မနက်ပိုင်း ဖုနွိမ်း ရဲစစ်ဆေးရေး ဂိတ် တွင် ထိုင်းနိုင်ငံတွင်းသို့ မောင်းနှင်လာသည့် ကားနှစ်စီးပေါ် မှာ မြန်မာနိုင်ငံသား (၄၆ )ဦး ကို ဖမ်းဆီးမိခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းစာမှာရေးသားထားပါတယ်။

လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားအားလုံး တရားဝင် စာရွတ်စာတမ်းမပါဘဲ လူမှောင်ခိုသမားတွေကနေ ထိုင်းနိုင်ငံတွင်းကို ပို့ ဆောင်ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတ၀န်းက တရားဝင် နေထိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ဖမ်းပြီး ပြန်ပို့  ခံရတဲ့ သူတွေကို နယ်စပ်က လူကယ်ရီသမား ပွဲစားတွေက တဆင့်ကားငှားပြီး ပြန်တက်လာကြတာပါ။


ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို တရားမ၀င် ပြန်ဝင်ရောက်လာမှုနဲ့  တရားစွဲမှာဖြစ်ပြီး ကားသမား နှစ်ဦးစလုံးလည်း ဖမ်းထားပြီး စစ်ဆေးနေ ပါတယ် ကားသမားတွေက မြန်မာ တဦးကို ဘတ်ငွေ ၂၀၀၀(ကျပ်ခြောက်သောင်း) နဲ့  ခေါ်တင်လာတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

တချို့ မြန်မာနိုင်ငံသားတွေဆိုရင် ဖမ်းပြီး နယ်စပ်ပို့ တဲ့ ရဲကားက ဘန်ကောက် ပြန်မရောက်သေးခင် နယ်စပ်မှာ အသွန်ခံရသူတွေက က ကားတွေငှား ပြီး ပြန်လာခဲ့လို့  ရဲကားအရင်ပြန်ရောက်နေကြတာတွေ လည်း ရှိနေပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ