မြောက်ကိုရီးယားက ဒုံးကျည် နှစ်ခု ပင်လယ်ထဲ ပစ်လို့ ဆို

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un (Credit: AFP) 
မြောက်ကိုရီးယားနိုင်ငံက ​တာတိုပစ် ​ဒုံးကျည်နှစ်ခုကို ​အရှေ့ဘက် ​ကမ်းရိုးတမ်းဒေသက ​ပယ်လယ်ထဲ ​ပစ်ချခဲ့တယ်လို့ ​တောင်ကိုရီးယားက ​ပြောပါတယ်။

မြောက်ကိုရီးယား ​နိုင်ငံမှာ ​တာတိုပစ် ​ဒုံးကျည်တွေ ​အများအပြား ​ရှိနေပြီး ​တာဝေးပစ် ​ဒုံးကျည်နဲ့ ​ကမ္ဘာ့တိုက်ကြီးတွေခြားပြီး ​ပစ်ခတ်နိုင်မယ့် ​intercontinental ​ဒုံးကျည်တွေကိုပါ ​ထုတ်လုပ်နိုင်ဖို့ ​ကြိုးစားနေပါတယ်။

အရင်လတုန်းကပဲ ​အဝေးပစ် ​ဒုံးကျည်ကို ​စမ်းသပ်ပစ်ခတ်ခဲ့လို့ ​ကမ္ဘာက ​မြောက်ကိုရီးယားကို ​ရှုတ်ချပြီး ​ဒဏ်ခတ်ပိတ်ဆို့မှု ​အသစ်တွေ ​ထပ်မံ ​ချမှတ်ခဲ့ပါတယ်။

အရင်တပတ်တုန်းကလည်း ​ရော့ကက် ​၆ ​ခုကို ​ပစ်လွတ်ခဲ့တယ်လို့ ​သိရပါတယ်။

ရန်သူကို ​တိုက်ခိုက်ဖို့အတွက် ​ပြင်ဆင်ထားဖို့ ​မြောက်ကိုရီးယား ​ခေါင်းဆောင် ​Kim ​Jong-un ​က ​ညွှန်ကြားပြီးတဲ့နောက် ​အခုလို ​ဒုံးကျည်ပစ်ခတ်မှုတွေ ​ဖြစ်ပွားနေတာပါ။

ဒါ့အပြင် ​ဒုံးကျည်ထိပ်ဖူးမှာ ​တပ်ဆင်နိုင်မယ့် ​နျူကလီးယား ​လက်နက် ​အငယ်တွေကိုလည်း ​တီထွင်နိုင်ပြီလို့ ​ဗုဒ္ဓဟူးနေ့တုန်းက ​ကြေညာခဲ့ပါတယ်။

အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီးဌာနရဲ့ ​ပြောခွင့် ​ရပုဂ္ဂိုလ်က ​မြောက်ကိုရီးယား ​ခေါင်းဆောင်အနေနဲ့ ​ဒီလို ​စစ်လက်နက်ကို ​တီထွင်နိုင်ဖို့ထက် ​ပြည်သူတွေရဲ့ ​မျက်နှာကို ​ထောက်ထားပြီး ​ပြည်သူဘဝ ​တိုးတက်အောင် ​လုပ်ဆောင်ဖို့ ​သင့်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြောက်ကိုရီးယားက ဒုံးကျည် နှစ်ခု ပင်လယ်ထဲ ပစ်လို့ ဆို  မြောက်ကိုရီးယားက ဒုံးကျည် နှစ်ခု ပင်လယ်ထဲ ပစ်လို့ ဆို Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.