လှိုင်သာယာမြို့နယ်၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


ရန်ကုန် မတ် ၁၁

ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၁) ရပ်ကွက် ကွက်သစ်အုပ်စု လပွတ္တာ လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး မှုတစ်ခု မတ် ၁ဝ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်သူ (၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း ကြိုးဆွဲချနေသည်ကို မိခင်ဖြစ်သူ ဒေါ်မော်ရီစိုးက တွေ့မြင်၍ ပတ်ဝန်းကျင်ရှိလူများအား အကူအညီတောင်းကာ သက်ဆိုင်ရာသို့ အကြောင်းကြား၍ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သောင်းကြီးနယ်မြေရဲစခန်းမှ ရဲအုပ် ချစ်ကိုကိုနှင့် ဒု-ရဲအုပ်လှမျိုးအောင် အဖွဲ့က ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းလင်းဇော်(လှိုင်သာယာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
လှိုင်သာယာမြို့နယ်၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား  လှိုင်သာယာမြို့နယ်၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.