အပိုင်စီးခံထားရသည့် အီဂျစ်ခရီးသည် တင်လေယာဉ်ပေါ်မှ ခရီးသည်များအား ပြန်လွှတ်ပေး
အပိုင်စီးခံထားရသည့် လေယာဉ်အမှတ် ၁၈၁ ၊ အီဂျစ်ခရီးသည်တင် လေယာဉ်ကြီးအား တွေ့ ရစဉ် (ဆင်ဟွာ)
    ကိုင်ရို ၊ မတ် ၂၉ ရက် (ဆင်ဟွာ )
    အီဂျစ် ခရီးသည်တင် လေယာဉ်အား အပိုင်စီးထားကြသူများမှာ အီဂျစ်နိုင်ငံသားများ ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းဌာနက မတ်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား မတ်လ ၂၉ ရက် ၊ နံနက်ပိုင်းတွင် ပြန်လွှတ် ပေးလိုက်သော်လည်း လေယာဉ်အမှုထမ်း ၆ ဦး နှင့် နိုင်ငံခြားသား ၄ ဦးအား ဓားစားခံများအဖြစ် ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း အီဂျစ် လေကြောင်း ပျံသန်းရေး ဝန်ကြီးဌာန က ဆိုသည်။
အီဂျစ်နိုင်ငံ ပြည်တွင်း လေကြောင်း ပျံသန်းရေး ဝန်ကြီးဌာန၏ အဆိုအရ အပိုင်စီးခံရသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၆၁ ဦး လိုက်ပါလာကြောင်း ၊ ၄င်းတို့ အနက် အမေရိကန် နိုင်ငံသား ၁ဝ ဦး ၊ ဗြိတိသျှ နိုင်ငံသား ၈ ဦး နှင့် ဆီးရီးယား နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း သိရသည်။
( Xinhua )
http://www.xinhuamyanmar.com
အပိုင်စီးခံထားရသည့် အီဂျစ်ခရီးသည် တင်လေယာဉ်ပေါ်မှ ခရီးသည်များအား ပြန်လွှတ်ပေး  အပိုင်စီးခံထားရသည့် အီဂျစ်ခရီးသည် တင်လေယာဉ်ပေါ်မှ ခရီးသည်များအား ပြန်လွှတ်ပေး Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.