ဆိုင်းနိုင်းဒေသတွင် အီဂျစ်တပ်ဖွဲ့များတိုက်ခိုက်၍ အကြမ်းဖက်သမား ၆ဝ သေဆုံး


ကိုင်ရို မတ် ၂၆

ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းရှိ မငြိမ်မသက်မှုများ ဖြစ်ပွားနေသည့်ရာဖာနှင့်ရှီကတ်ဇူဝတ်မြို့များကို မတ် ၂၅ ရက်တွင် အီဂျစ်တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ခဲ့ရာ အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်သမား ၆ဝ သေဆုံး ခဲ့ကြောင်း အီဂျစ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အဆိုပါမြို့နှစ်မြို့တွင် ပုန်းအောင်းနေသည့်စစ်သွေးကြွများကို အီဂျစ်အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့ဝင်များက စစ်လေယာဉ်များ၏ အထောက်အကူပြုမှုဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၆ဝ သေဆုံးပြီး အခြားအယောက် ၄ဝ မှာဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ၏ကြေညာချက်တွင် ဖော်ပြသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ဘက် အယ်လ်အရစ်ခ်ျမြို့ရှိ အီဂျစ် ရဲတပ်ဖွဲ့စစ်ဆေးရေးစခန်းကို စစ်သွေးကြွများက စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ အီဂျစ်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့သည်။

ဆိုင်းနိုင်းမြောက်ပိုင်းဒေသတွင် ဆန်ဆာဘေယက် အယ်လ်မတ်တွမ်(အေဘီအမ်)အမည်ရှိ စစ်သွေးကြွအဖွဲ့ အခြေစိုက်နေပြီး ယင်းအဖွဲ့မှာ အိုင်အက်စ်အဖွဲ့နှင့်ဆက်စပ်နေသည်။ ယင်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆိုင်းနိုင်းဒေသတွင် အီဂျစ်တပ်ဖွဲ့များတိုက်ခိုက်၍ အကြမ်းဖက်သမား ၆ဝ သေဆုံး  ဆိုင်းနိုင်းဒေသတွင် အီဂျစ်တပ်ဖွဲ့များတိုက်ခိုက်၍ အကြမ်းဖက်သမား ၆ဝ သေဆုံး Reviewed by THITHTOOLWIN on 06:21 Rating: 5
Powered by Blogger.