တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး အလည်အပတ်သွားရာမှ မော်တော်ယာဉ်တိမ်းမှောက်


ပလောက် မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြည်ခြားကျေးရွာ မြိတ်-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ်(၈ဝ/၆)နှင့်(၈ဝ/၇)အကြားတွင် မတ်လ ၁၆ ရက် ညနေ ၃ နာရီခွဲက မော်တော်ယာဉ် တိမ်းမှောက်ခဲ့ရာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလိကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန် ပညာရေးဘော်ဒါ ဆောင်မှ ကျောင်းသား ကျောင်းသူများသည် ပုလောမြို့ အထက(ခွဲ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုပြီး ပုလောမြို့မှ ထားဝယ်မြို့သို့ အလည်သွားရာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် ကျောင်းသား ကျောင်းသူ ၁၈ ဦး၊ ဆရာ ဆရာမသုံးဦး၊ မိဘအုပ်ထိန်းသူ သုံးဦး စုစုပေါင်း ၂၅ ဦးလိုက်ပါလာကြကာ ကျောင်းသား လေးဦး၊ ကျောင်းသူခြောက်ဦး၊ ဆရာမတစ်ဦး၊ မိဘအုပ်ထိန်းသူနှစ်ဦး စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိသည်။

 ဆေးကုသမှုခံယူနေသူထဲမှ ကျောင်းသား စောစေးစေးဝင်း သည် မတ် ၁၇ ရက် နံနက် ၅ နာရီခွဲက ထားဝယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ် မောင်းနှင်သူ ယာဉ်မောင်း ကျော်ထွေး တောင်ယာကမ်းကျေးရွာနေသူအား ပလောက်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး အလည်အပတ်သွားရာမှ မော်တော်ယာဉ်တိမ်းမှောက်  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး အလည်အပတ်သွားရာမှ မော်တော်ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.