နေကြတ်ခြင်းအား အင်ဒိုနီးရှားနိုင်ငံ မှအပြည့်အဝ မြင်တွေ့ခွင့်ရ

အင်ဒိုနီးရှားနိုင်ငံ၌ နေကြတ်ခြင်းအားတွေ့ရစဉ် (ဆင်ဟွာ)
    ဂျာကာတာ၊ မတ် ၉ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံသည် နေကြတ်ခြင်းအား မတ်လ ၉ ရက်နေ့က အပြည့်အဝ မြင်တွေ့ခွင့်ရခဲ့ကြောင်းနှင့် အဆိုပါနေကြတ်ခြင်းသည် နိုင်ငံ၏ အနောက်ဘက်ဆုံးအပိုင်းမှ စတင်ခဲ့ပြီး နိုင်ငံ၏ အရှေ့ဘက်ဆုံးအပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နေကြတ်ခြင်းသည် ဒေသစံတော်ချိန် နံနက် ၇း၂၂နာရီတွင် ဆူမတြားကျွန်း မြောက်ပိုင်းရှိ Aceh ပြည်နယ်မှ စတင်ဖြစ်ပေါ်ခဲ့ပြီး ဒေသစံတော်ချိန် ၁၁း၄၀နာရီတွင် Papua ပြည်နယ်၌ ပြီးဆုံးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

နေအပြည့်အဝကြတ်ခြင်းသည် ၂.၅မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ယင်းရှားပါးဖြစ်စဉ်အား အိန္ဒိယသမုဒ္ဒရာမှ စတင်မြင်တွေ့နိုင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ သည် နေကြတ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် အမှောင်ကျမှုအား ကြုံတွေ့ရသည့် တစ်ခုတည်းသော ကုန်းမြေဧရိယာဖြစ်ကြောင်း ၄င်းအရာရှိက ပြောကြားခဲ့သည်။

မတ်လ ၉ရက်နေ့တွင် ပြည်ပနိုင်ငံများမှ ရွက်လှေအစီး ၁၀၀ကျော် စုဝေးခဲ့ကြပြီး နိုင်ငံခြားသား ခရီးသွားများ နှင့် သိပံ္ပပညာရှင်ရာပေါင်းများစွာသည် အင်ဒိုနီးရှားနိုင်ငံသို့လာရောက်ကာ နေကြတ်ခြင်းအားကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
နေကြတ်ခြင်းအား အင်ဒိုနီးရှားနိုင်ငံ မှအပြည့်အဝ မြင်တွေ့ခွင့်ရ  နေကြတ်ခြင်းအား အင်ဒိုနီးရှားနိုင်ငံ မှအပြည့်အဝ မြင်တွေ့ခွင့်ရ Reviewed by THITHTOOLWIN on 13:03 Rating: 5
Powered by Blogger.