ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် တွင် နေအိမ်(၈) လုံး မီးလောင်မှုဖြစ်ပွား


မန္တလေး၊ မတ် ၂၆

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၊ ၃၃×၃၄ လမ်းကြားနှင့် ၇၃×၇၄ လမ်းကြား အကွက်အမှတ် (၆၈၂) တွင် မတ်လ ၂၆ ရက် နံနက် ၃ နာရီ ၄၅ မိနစ် က နေအိမ်(၈) လုံးမီးလောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ မီးသတ်ယာဉ် (၅၀) စီး ၊ အုပ်ချုပ်မှုယာဉ် (၂) စီး ၊ သန္ဓေ မီးသတ် ၄၅ ဦး အရန် (၁၂၀) ဦး ၊ တို့ ၀ိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးစတင်လောင်ကျွမ်းသောအိမ်ပိုင်ရှင် ဦးထွန်းလှိုင်(ဘ) ဦးတင်မောင် အား မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


မီးဘေးသင့်အိမ်ထောင်စုများကိုလည်း အဆိုပါရပ်ကွက်ရှိ သီရိစံတိုးဆီး မယ်တော်ကြီးကျောင်း၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် တွင် နေအိမ်(၈) လုံး မီးလောင်မှုဖြစ်ပွား  ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် တွင် နေအိမ်(၈) လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.