အယ်နီညိုအတွက် ပြင်ဆင်သည့် အနေဖြင့် သင်္ကြန်ကို တစ်ရက် ၉ နာရီသာ ရေကစားခွင့်ပြုမည်

မဟာအတာသင်္ကြန်တွင် ပျော်ရွှင်စွာ ရေကစားနေသော ရေပတ်ခံ ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊မတ်၂၁ ရက် (ဆင်ဟွာ)

    သင်္ကြန်တွင် ယခင်နှစ်များက ပုံမှန်ရေကစား ချိန်ကို တစ်ရက်လျှင် ၁၁ နာရီခွင့် ပြုခဲ့ ရာမှ ယခုနှစ်တွင် တစ်ရက်လျှင် ကိုးနာရီသာ ရေ  ကစားခွင့် ရရှိမည်ဖြစ်ပြီး ယခင်ကရေကစား ချိန်ကို နံနက် ၇ နာရီမှ မွန်းတည့်  ၁၂ နာရီ အထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားရာမှ ယခုနှစ်တွင် သင်္ကြန် မဏ္ဍပ်များ၌ ရေကစားချိန်ကို နံနက် ၈ နာရီမှ မွန်းတည့်  ၁၂ နာရီ၊ ညနေ ၃ နာရီမှ  ညနေ ၆ နာရီအထိ ပြောင်းလဲမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့် ရှင်းမှု )မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလတွင် ထိုကဲ့သို့ မြို့ နယ်များကို ရေပေးဝေမှုအချိန်များနှင့်  ရေကစားချိန် လျှော့ချခြင်းတို့မှာ အယ်လ်နီညို ရာသီဥတု အတွက် ပြင်ဆင်ခြင်းဖြစ်ပြီး သင်္ကြန်အပြီးတွင် ရေပြန်လည်သိုလှောင် ရေးကိစ္စများ ကိုလျင် မြန်စွာပြုလုပ်မည်ဖြစ်ကြောင်း၊ ရေကစား နိုင်ရန် ရေလှောင်ကန်များရှိ ရေပမာဏကို ယခင်နှစ်များက ထက် ပိုမိုသိုလှောင်ထားပြီး လှော်ကား၊ ဂျိုးဖြူရေ နှင့်  ဖူးကြီး ရေလှောင်ကန် တို့၌ ၂၀၁၅ ခုနှစ်ကထက် ရေပမာဏ ၅ လက်မခန့်  ပိုမိုသိုလှောင်ထားကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့ တွင်းရှိမြို့နယ်များသို့  ပုံမှန်ရေပေးဝေနေ ကျအချိန်ထက် လျှော့၍ရေပေးဝေမည်ဖြစ် ပြီး တခြားမြို့နယ်များသို့ လည်း ယခင်နှစ်များ ကထက် တစ်နာရီလျှော့ချ၍ ရေပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဗဟန်းနှင့်  ဒဂုံမြို့နယ်တို့ ကို နံနက် ၈ နာရီမှ ၁၁ နာရီအထိ၊ ညနေ ၃ နာရီမှ  ၆ နာရီအထိ ပုံမှန်ရေပေးဝေနေကျအချိန် ထက်လျှော့ချ၍ ပေးဝေမည်ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင် နှင့်  စမ်းချောင်းမြို့နယ် တို့ကိုနံနက် ၈ နာရီမှ ၁၀ နာရီအထိသာ ရေပေး ဝေမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အယ်နီညိုအတွက် ပြင်ဆင်သည့် အနေဖြင့် သင်္ကြန်ကို တစ်ရက် ၉ နာရီသာ ရေကစားခွင့်ပြုမည်  အယ်နီညိုအတွက် ပြင်ဆင်သည့် အနေဖြင့် သင်္ကြန်ကို တစ်ရက် ၉ နာရီသာ ရေကစားခွင့်ပြုမည် Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.