အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် တစ်ဆယ့်ငါးလုံး အမိုးများပျက်စီးကာ လူသုံးဦး သေဆုံး


ဟုမ္မလင်း၊ မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာတွင် မတ်(၁၃) ရက်နေ့ ည ၇ နာရီခွဲအချိန်မှ ၈ နာရီအချိန်အထိ ရုတ်တရက် လေပြင်းများ တိုက်ခတ်ခဲ့ရာ လူနေအိမ် တစ်ဆယ့်ငါးလုံး အမိုးပျက်စီးကာ လူသုံးဦးသစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်းခဲ့သည်။

သေဆုံးသူ လူသုံးဦးမှာ ကိုဥာဏ်ထူး အသက်(၂၆)နှစ်၊ (ဘ) ဦးသန်းရွှေ၊ တုသီတာကျေးရွာ၊ ဖောင်ပြင်းမြို့နယ်၊ ကိုထွန်းရွှေ အသက်(၂၁) (ဘ) ဦးထွန်းပွင့်၊ နံ့သာကျေးရွာ၊ ဟုမ္မလင်းမြို့နယ်၊နှင့် ကိုစိန်အောင် အသက်( ၂၃) နှစ် (ဘ) ဦးသာလွင် ၊ တုံမတက်ကျေးရွာ၊ ဟုမ္မလင်းမြို့နယ် ဆိုသူတို့ဖြစ်ကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ လေပြင်တိုက်ခတ်စဉ် နံ့သာဆိပ်ကျေးရွာအုပ်စု၊ ပါတက်ရွှေမှော်ဈေးတန်းရှိ ရွှေမျှောလုပ်ငန်းပိုင်းရှင် ဦးထွန်းဝင်း၏ နေအိမ်စားဖိုးဆောင်အတွင်း၌ ထမင်းစားသောက်နေသည့် လူသုံးဦးအပေါ် သစ်ပင်လဲကျ၍ ပိကာ လူသုံးဦးသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သေဆုံးသူ လူသုံးဦးအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စီစစ်အရေးယူဆောင်ရွက်နိုင်ရန် မိုင်းကိုင်းနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၂ / ၂၀၁၆ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် တစ်ဆယ့်ငါးလုံး အမိုးများပျက်စီးကာ လူသုံးဦး သေဆုံး  အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် တစ်ဆယ့်ငါးလုံး အမိုးများပျက်စီးကာ လူသုံးဦး သေဆုံး Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.