မူးယစ်ဆေးကြောင်ပြီး မိခင်ကိုဓားဖြင့်လိုက်ခုတ်


ဒီနေ့ မတ်လ ၁၉ ရက်နေ့ ၂၀၁၆ ခုနှစ် ၀၀း၃၀ အချိန်တွင် စမွတ်ပရာကန်၊ ဘန်ပူနယ်၊ (ทรัพย์บัวหลวง)စပ်ဗိုလုံရပ်ကွက်မှာ စိတ်ကြွဆေးမူးကြောင်နေတဲ့သူတစ်ယောက်က မိမိရဲ့မိခင်ကိုဓားနဲ့လိုက်ခုတ်နေပါတယ်။

ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်မှာတော့ နှစ်ထပ်တိုက်အိမ်ရဲ့ ဒုတိယထပ်မှာ စိတ်ကြွဆေးမူးကြောင်နေသူ Mr.(ปัญญา)ပန်ယာ၊ အသက် ၂၇ နှစ်အရွယ်သည် မိမိလည်ပင်းကို ၁ ပေလောက်ရှည်တဲ့ဓားဖြင့် ချိန်ရွယ်ပြီး ခဏကြာတော့ မိမိဘယ်ဘက်လက်ကိုဓားဖြင့် လှီးဖြတ်ကာ သွေးများယိုထွက်လာပါတယ်။ ရဲများနဲ့ ပတ်ဝန်းကျင်ရှိသူများ Mr.(ปัญญา)ပန်ယာကို ဓားချဖို့ ၁ နာရီခန့်ကြာအောင် စကားချော့ပြောသော်လည်း နားမထောင်ပဲ မိမိခေါင်းကိုဓားဖြင့်ထိုးပါတယ်။ မိခင်ဖြစ်သူက မိမိသားကိုသနားလို့ ငိုယိုနေပါတယ်။ သွေးများလွန်စွာထွက်၍ အားအင်ကုန်ခန်းနေချိန်မှာ ရဲတပ်ဖွဲ့မှ နောက်တခါ အနီးကပ်ပြီး ချော့မော့ကာ Mr.(ปัญญา)ပန်ယာမှ ဓားချလိုက်ပြီး အဖမ်းခံပါတယ်။ Mr.(ปัญญา)ပန်ယာကို ဘန်ပူဆေးရုံမှာ ဒဏ်ရာများကိုဆေးကုပြီး အချုပ်ခန်းမှာ အနားယူခိုင်းပါတယ်။


 ရဲတပ်ဖွဲ့မှ Mr.(ปัญญา)ပန်ယာ၏မိခင်ဖြစ်သူ ကို စစ်ဆေးမေးမြန်ကြည့်ရာမှာ Mr.(ปัญญา)ပန်ယာသည် စိတ်ကြွဆေးအမှုဖြင့် ထောင်ကျခဲ့ဖူးပြီး ထောင်မှထွက်လာသည့်နောက်ပိုင်း နေ့စဉ်စိတ်ကြွဆေးကို သုံးဆွဲကြောင်းပြောပါတယ်။ မိခင်က သားကို ဆေးဖြတ်စေလိုသောကြောင့် စမွတ်ပရာကန်မြို့အုပ်ချုပ်ရေးဌာနကိုတိုင်ပင်ပြီး သားဆေးဖြက်နိုင်ရန် မူးယစ်ဆေးဝါးဖြတ်သည့်ဌာနသို့ သွားပို့မည်ဖြစ်ပါတယ်။ Mr.(ปัญญา)ပန်ယာသည် မိခင်ဆီမှ အရက်သောက်ဖို့ ဘတ် ၄၀ တောင်းပါတယ်။ မိမိခင်မှ ဘယ်မှ မသွားဖို့တားမြစ်ရာမှာ စိတ်ဆိုးပြီး မိခင်ကိုဓားဖြင့်လိုက်ခုတ်ကြောင်းပြောပါတယ်။

 ရဲတပ်ဖွဲ့မှ Mr.(ปัญญา)ပန်ယာကို ဥပဒေအရအရေးယူပြီး မူးယစ်ဆေးဖြတ်ရန် မူးယစ်ဆေးဝါးဖြတ်ရေးအဖွဲ့ဌာနသို့ပို့ဆောင်ပေးလိုက်ပါတယ်။

MTF Channel
https://www.facebook.com/mtftv
မူးယစ်ဆေးကြောင်ပြီး မိခင်ကိုဓားဖြင့်လိုက်ခုတ်  မူးယစ်ဆေးကြောင်ပြီး မိခင်ကိုဓားဖြင့်လိုက်ခုတ် Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.