သုံးဘီးဆိုင်ကယ်ယဉ်အား နောက်ယာဉ်ကဝင်တိုက်မိပြီး လူ ၉ ဦးဒဏ်ရာရ


သထုံ၊ မတ် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ သထုံ-ရန်ကုန်ကားလမ်းပေါ် တွင် မတ်လ ၄ ရက်၊ ညပိုင်းက ရှေ့မှသွားနေသော သုံးဘီးဆိုင်ကယ် အား နောက်မှလိုက်ပါလာသည့် ပရိုဘောက်ယာဉ်က ဝင်တိုက်မိသဖြင့် သုံးဘီးယာဉ်ရေမြောင်းထဲထိုးကျပြီး ယာဉ်ပေါ်ပါ လူ ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် မြဝတီဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း ငြိမ်းချမ်းအောင် ၂၉ နှစ် မောင်းလာသော 7H/3356 တိုယိုတာ ပရိုဘောက်မော်တော်ယာဉ် သည် ဖြစ်စဉ်နေရာအရောက် တွင် ရှေ့မှ သွားနေသော ယာဉ်အမှတ် ၄ဟ/၈၇၉၄ သုံးဘီးဆိုင်ကယ်ယာဉ် အား ဝင်ရောက်တိုက်မိသဖြင့် သုံးဘီးဆိုင်ကယ်မှာ လမ်းဘေးရေမြောင်းထဲသို့ ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၉ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ သထုံခရိုင်ဆေးရုံသို့ တင်ပို့ ကုသ ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပရိုဘောက်မော်တော်ယာဉ်မောင်း ငြိမ်းချမ်းအောင်အား သထုံမြို့မရဲစခန်းမှ ယာဉ် ပ ၁၈/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်း များအရ သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သုံးဘီးဆိုင်ကယ်ယဉ်အား နောက်ယာဉ်ကဝင်တိုက်မိပြီး လူ ၉ ဦးဒဏ်ရာရ  သုံးဘီးဆိုင်ကယ်ယဉ်အား နောက်ယာဉ်ကဝင်တိုက်မိပြီး လူ ၉ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.