ဘရပ်ဆဲလ် လေဆိပ် ပေါက်ကွဲမှု ဖြစ်ပြီးနောက် လေဆိပ် ပြင်ပတွင် ရဲများနှင့် လုံခြုံရေးများအား တွေ့ရစဉ် (ဆင်ဟွာ) |
ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည့် မတ်လ ၂၂ ရက်က တိုက်ခိုက်မှုများမှာ IS များက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
အိုင်အက်စ်နှင့် ဆက်နွှယ်မှုရှိသည့် A’maq သတင်းအေဂျင်စီက ထုတ်ပြန်သည့် ကြေညာချက်၌ ပေါက်ကွဲစေ သည့် ခါးပတ်များနှင့် ကိရိယာများ သယ်ဆောင်လာသည့် IS အသေခံ တိုက်ခိုက်သမားများသည် Zaventem လေဆိပ် နှင့် ဘရပ်ဆဲလ်မြို့လယ်ရှိ Maelbeek မြေအောက်ရထား ဘူတာရုံတို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ ထားသည်။
မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ဘရပ်ဆဲလ် တိုက်ခိုက်မှု၌ အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ ဘရပ်ဆဲလ် လေဆိပ် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဘယ်လ်ဂျီယံ အသံလွှင့်ဋ္ဌာန RTBF က ပြောသည်။
ဘယ်လ်ဂျီယံ ပြည်ထဲရေး ဝန်ကြီး ဂျန်ဂျမ်ဘွန် က ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နိုင်ငံ၏ ကြေကွဲ ဝမ်းနည်းဖွယ်ရက် သုံးရက် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
တိုက်ခိုက်မှုက အိုင်အက်စ် လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား
Reviewed by THITHTOOLWIN
on
18:58
Rating: