ရွှေပြည်သာတွင် အရက်အတူ သောက်စားရာမှ လူသတ်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် အရက်အတူသောက်စားရာမှ လူ သတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၂၁ ရက် ည ၈နာရီတွင် ဒေါ်ခင်စန်းသည် ရွှေပြည်သာမြို့နယ် အမှတ်(၁၉) ရပ်ကွက် ၂/၅ကွက်သစ် (၂)လမ်း နေအိမ်တွင်ရှိနေစဉ် အိမ်နီးနားချင်း ဖြစ်သူ ကိုစိုးသိန်းရောက်ရှိလာပြီး ဒေါ်ခင်စန်း၏ ခင်ပွန်း အောင်နိုင်ဦး စက်မှုလမ်းဘေးတွင် သေဆုံးနေသည်ကိုတွေရှိခဲ့ကြောင်းလာရောက် အကြောင်းကြား သဖြင့် ဒေါ်ခင်စန်း က သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ အောင်နိုင်ဦး အသက် (၂၅ နှစ်)တွင် ဦးခေါင်း နောက်စေ့သွေး ထွက်ဒဏ်ရာ၊ နဖူးနှင့် ဝဲမျက်လုံး ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းသွေး ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

အနီးပတ်ဝန်းကျင်အား မေးမြန်း စုံစမ်းရာ ခင်ပွန်းဖြစ်သူအောင်နိုင်ဦး သည် သူငယ်ချင်းသန်းလွင်ဦးနှင့် အရက်အတူသောက်စားပြီး ဆိုက် ကားဖြင့်ပြန်လာစဉ် တစ်ယောက် တစ်ခွန်းစကားအချေအတင်များ ရာမှ သန်းလွင်ဦးက လက်သီးဖြင့် ထိုး၊ခြေထောက်ဖြင့်ကန်၍ သေဆုံး သည်ဟုသိရပြီး သန်းလွင်ဦး အသက်(၂၆)နှစ် ရွှေပြည်သာမြို့နယ် ၂ဝ/၄၆ ရပ်ကွက်(ကျူး)နေသူအား ဥပဒေအရအရေးယူပေးပါရန် ဇနီး ဖြစ်သူဒေါ်ခင်စန်းက တရာလိုပြု လုပ်၍ ရွှေပြည်သာမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရွှေပြည်သာရဲစခန်း မှ (ပ)၃ဝ၉/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုရေးဖွင့် ဖမ်းဆီးပြီး ဥပဒေနှင့်အညီ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

စိုင်းလင်းဇော်(လှိုင်သာယာ)
The Union Daily
http://uniondaily.net/
ရွှေပြည်သာတွင် အရက်အတူ သောက်စားရာမှ လူသတ်မှုဖြစ်ပွား  ရွှေပြည်သာတွင် အရက်အတူ သောက်စားရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.