“သမ္မတကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် ၀င်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်”



သမ္မတ ဦးသိန်းစိန်၏ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ်ဝင်းမြင့် ၂၀ ရက် ည ၁၀း၁၅ နာရီအချိန် နေပြည်တော်ဗဟိုဘဏ်ရှေ့၌ ယာဉ်မတော်တဆဖြစ်၍ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

 ဗိုလ်မှူးချုပ်ဝင်းမြင့်သည် ဗိုလ်သင်တန်းအပတ်စဉ် ၆၃ မှဖြစ်ပြီးနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ နည်းပြအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

 ဗိုလ်မှူးချုပ် ၀င်းမြင့်အား အခင်းဖြစ်ပွားရာနေရာမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ ည ၁၂ နာရီ အချိန်ခန့်က ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


“သမ္မတကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် ၀င်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်”  “သမ္မတကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် ၀င်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်” Reviewed by THITHTOOLWIN on 13:00 Rating: 5
Powered by Blogger.