မြိတ်မြို့တွင် တစ်နေ့တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား


မြိတ် မတ် ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မတ်လ(၈)ရက် ညနေပိုင်းက မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ မြိတ်မြို့ ဈေးခေါင်းရပ် ဈေးခေါင်း(၂)လမ်း အမှတ်(၃၃) ဦးဇော်မင်းနိုင် ၏ ပစ္စည်းအဟောင်း ဂိုဒေါင်တွင် ညနေ(၆း၂၅)နာရီခန့်တွင် အောင်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ပစ္စည်းဂိုဒေါင်တွင် ငါးဖမ်းပိုက်အဟောင်းများ စုပုံထား ရာမှ အောင်းအပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်း၊ အရန်မီးသတ်စခန်း မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ် ယာဉ်(၄)စီးဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးစီး၍ သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ (၆း၄၃)နာရီတွင် မီးငြိမ်းသွားခဲ့သည်။


အလားတူ စန္ဒ၀တ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်ကျေးရွာတွင်လည်း ည(၇း၂၈)နာရီက ဒေါ်မြနိုင် နေအိမ်(၂၀)ပေx(၁၀)ပေ ဓနိမိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်းနေအိမ်တွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မီး လဲကျပြီး ၀ါးထရံသို့ကူးစက်မီးလောင်ခဲ့ရာ အရန်မီးသတ်သတ် တပ်ဖွဲ့ဝင် များ၊ ပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၇း၃၅)နာရီတွင် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ၀ါးထရံအနည်းငယ်နှင့် ဓနိဖက်အနည်းငယ် မီးလောင် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ပွင့်လင်းရာသီဖြစ်ပြီး ပူပြင်းလွန်းတဲ့နွေရာသီရောက်ရှိလာကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလဖြစ်၍ ပြည်သူများအနေဖြင့် မီးသတိမူရေး ၊ မီးကိုပေါ့ဆစွာ မသုံးစွဲရန် အလွန်အရေးကြီးကြောင်း ၊ ပြည်သူများအနေဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မိမိနေအိမ်များတွင် လူမရှိပါက မီးသုံးစွဲထားခြင်းမရှိစေရေး ဂရုပြုစေလို ကြောင်း ၊ မီးကို ကြိုတင် ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မီးဘေးသတိမူရေးနိုးဆော်ခြင်းကို မီးသတ် ဦးစီးဌာနမှ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရီုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း က ပြောသည်။

ခိုင်ထူး(မြိတ်ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြိတ်မြို့တွင် တစ်နေ့တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား  မြိတ်မြို့တွင် တစ်နေ့တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.