မနက်ဖြန် လွှတ်တော်အစည်းအဝေးတွင် ပင်နီဝတ် အင်အားပြကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား


ယနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် NLD ကိုယ်စားလှယ်များ တည်းခိုရာ စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်တွေ့ဆုံပြီး ပြောကြားခဲ့သည့် အမှာစကားအချို့ကို ကောက်နုတ်ဖော်ပြလိုက်သည်။

-မနက်ဖြန် (မတ် ၁၁ ရက်) လွှတ်တော်အစည်းအဝေးတက်ရင် ပက်နီဝတ်ပါ။ ကျွန်မတို့ အင်အားကို ပြဖို့အတွက် ပင်နီဝတ်ခိုင်းခြင်း ဖြစ်တယ်။ လှပဖို့အတွက် ပင်နီမ၀တ်ချင်ဘူးဆိုတာကို လက်မခံဘူး။ ငါတို့ခေတ်ရောက်ပြီဆိုတာကို မြင်အောင် ပြကြပါ။

-လုပ်ပိုင်ခွင့် တာဝန်ယူပိုင်ခွင့်ရှိမှ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဆွဲတင်နိုင်မှာဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တဲ့အတွက် (သမ္မတလောင်းများကို) ခုလို ရွေးချယ်တာ ဖြစ်တယ်။ တိုင်းရင်းသားဖြစ်ရုံနဲ့ မလုံလောက်သေးပါဘူး။ ရှိသင့်ရှိထိုက်တဲ့အရည်အချင်းရှိမှ။
၁- သစ္စာရှိမှု ၂-စည်းမျည်းစည်းကမ်း ၃-နိုင်ငံတကာက လေးစားနိုင်တဲ့အချက်တွေအပေါ် ကြည့်ပြီးရွေးချယ်ခြင်း ဖြစ်တယ်။ ပြည်သူလူထု သဘောကျလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။

-နိုင်ငံရေး ပြောင်းလဲနေချိန်မှာ မတည်မငြိမ်ဖြစ်လာအောင်လုပ်မယ့်သူတွေ ပေါ်လာနိုင်တယ်။ အစိုးရ လုပ်ငန်းစဉ်ကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း တင်ပြပြီးလုပ်ချင်ပါတယ်။ ပြည်သူကို တင်ပြရဲရမယ်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မနက်ဖြန် လွှတ်တော်အစည်းအဝေးတွင် ပင်နီဝတ် အင်အားပြကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား  မနက်ဖြန် လွှတ်တော်အစည်းအဝေးတွင် ပင်နီဝတ် အင်အားပြကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.