ဂန့်ဂေါတွင် အမျိုးသမီးတစ်ဦးမှ ၄င်းအားခြိမ်းခြောက်၍ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သော အမျိုးသားအား တိုင်တန်းအမှုဖွင့်


မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့နယ်နေ အမျိုးသမီးတစ်ဦးမှ ၄င်းအား အလိုမတူဘဲ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သော အမျိုး သားအား တိုင်တန်းအမှုဖွင့်ခဲ့မှု ယခုလ ၁၁ ရက်က ဖြစ်ပွားခဲ့ ကြောင်း နယ်မြေခံရဲစခန်းမှ သိ ရသည်။

ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာနေ မ---- (၂၆ နှစ်)သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီက နေအိမ် တွင် တစ်ဦးတည်းရှိနေစဉ် တစ်ရွာ တည်းနေ အိမ်နီးချင်း နိုင်လင်းဦး (လူအို)၊ (၂၈နှစ်)မှာ နေအိမ်ပေါ် သို့ ရုတ်တရက်တက်လာပြီးမ-- ၏ခန္ဓာကိုယ်အား ဖက်၍ လုံးထွေး ပြီး ပါးစပ်ပိတ်ကာ သားမယား အဖြစ် အဓမ္မတစ်ကြိမ်ပြုကျင့်ခဲ့ ကြောင်း၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီခွဲခန့် မ---- သည် ရွာ၏အရှေ့တောင် ဘက်တစ်မိုင်ခန့်အကွာရှိ ယာခင်း၌ ပဲရိတ်နေစဉ် နိုင်လင်းဦး ရောက်ရှိ လာပြီး မ-----၏ ခန္ဓာကိုယ် အား ဖက်၍ လုံးထွေးပြီး ပါးစပ် ပိတ်ကာ သားမယားအဖြစ် အဓမ္မ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ယခု လ ၇ ရက် ညနေ ၅ နာရီခန့်တွင် မ--- သည် နေအိမ်၌ တစ်ဦး တည်းရှိနေစဉ် နိုင်လင်းဦးမှနေအိမ် ပေါ်သို့ ရုတ်တရက်တက်လာပြီး မ-----၏ ခန္ဓာကိုယ်အားဖက်၍ လုံးထွေးပြီး ပါးစပ်ပိတ်ကာ သား မယားအဖြစ် အဓမ္မတစ်ကြိမ်ပြု ကျင့်ခဲ့ကြောင်း စုစုပေါင်းသား မယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ပြီး နိုင်လင်းဦးမှ မည်သူ့ကိုမျှမပြော ရန်နှင့် ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၍ မည်သူ့ကိုမျှမပြော ဘဲ နေထိုင်ခဲ့ရာမှ ၄င်း၏အစ်ကို အရင်းဖြစ်သူ ဦးမျိုးဝင်းအား ပြောပြခဲ့ခြင်းဖြစ်ကြောင်း တရားလို ၏ တိုင်ကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မ------- မှ ယခုလ ၁၁ ရက် တွင် တရားလိုပြုတိုင်ကြားခဲ့သော ကြောင့် ဂန့်ဂေါမြို့နယ် ကန်နယ် မြေရဲစခန်းက (ပ) ၁၂/ ၂ဝ၁၆၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

ကျော်ဇေယျ(မကွေး)
The Union Daily
http://uniondaily.net
ဂန့်ဂေါတွင် အမျိုးသမီးတစ်ဦးမှ ၄င်းအားခြိမ်းခြောက်၍ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သော အမျိုးသားအား တိုင်တန်းအမှုဖွင့်  ဂန့်ဂေါတွင် အမျိုးသမီးတစ်ဦးမှ ၄င်းအားခြိမ်းခြောက်၍ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သော အမျိုးသားအား တိုင်တန်းအမှုဖွင့် Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.