ရေပိုက်လိုင်းပြုပြင်နေစဉ် ရန်ကုန်မြို့ရှိ မြို့နယ်အချို့ ရေပြတ်တောက်မည်


ရန်ကုန် မတ် ၇

လှော်ကားရေကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေသည့် ၆၆လက်မ ကွန်ကရစ်ရေပို့ပိုက်လိုင်းမှာ မတ် ၇ ရက် ညနေ ၄ နာရီက ချွတ်ယွင်းမှုဖြစ်ပေါ်၍ အမြန် ပြန်လည်ပြုပြင်ရန် လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်များ မောင်းနှင်မှုရပ်ဆိုင်းခဲ့သည်။

ပိုက်လိုင်းချွတ်ယွင်းမှုအား အမြန်ဆုံး ပြုပြင်ပြီးစီးရန် နေ့ညဆောင်ရွက်သွားမည်ဖြစ်၍ ရေပြန်လည်ပေးဝေနိုင်မည်ဖြစ်သည်။ ပိုက်လိုင်းပြုပြင်နေစဉ် ကာလအတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လှိုင်၊ ကမာရွတ် မြို့နယ်တို့၏ နေရာအချို့တွင် ရေပြတ်တောက်မည် ဖြစ်သည်။

လှော်ကားကန်မှ ရေပေးဝေခြင်းသာ ခေတ္တရပ်ဆိုင်း ခြင်းဖြစ်ပြီး ဂျိုးဖြူ၊ ဖူးကြီးနှင့် ငမိုးရိပ်ရေလှောင်ကန်များမှ ရေပေးဝေသည့် နေရာများတွင် ပုံမှန်အတိုင်း ရေပေးဝေလျက်ရှိပါကြောင်းနှင့် ပိုက်လိုင်းပြုပြင်နေစဉ် ကာလအတွင်း ရေချွေတာသုံးစွဲနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု) က အသိပေးနှိုးဆော်ထားသည်။

(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရေပိုက်လိုင်းပြုပြင်နေစဉ် ရန်ကုန်မြို့ရှိ မြို့နယ်အချို့ ရေပြတ်တောက်မည်  ရေပိုက်လိုင်းပြုပြင်နေစဉ် ရန်ကုန်မြို့ရှိ မြို့နယ်အချို့ ရေပြတ်တောက်မည် Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.