ထိုင်းနိုင်ငံရှိ နာမည်ကျော် ကျားကျောင်းမှ ကျားကောင်ရေ ၁၀၀ကျော်သွားစရာမြေမရှိဖြစ်နေ


ယခင်ကတည်းကအငြင်းပွားဖွယ်ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံရှိကျားကျောင်းသည် ယခုလက်ရှိအချိန်တွင်  လူတိုင်းပါးစပ်ဖျားမှာပြန်လည်ရောက်ရှိလာခဲ့ကြောင်း ရိုက်တာသတင်းဌာနမှသတင်းများအရ သိရပါတယ်။ အဆိုပါကျားကျောင်းမှာ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုများ ၊မှောင်ခိုဈေးကွက်နှင့် ဆက်စပ်မှုရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့် တစ်ချိန်တည်းမှာပဲ ၂၀၁၃ခုနှစ်ကတည်းက အဆိုပါဘုန်းကြီးကျောင်းမှ တိရိစ္ဆာန်ရုံလိုင်စင်မှာကုန်ဆုံးရက်ရောက်ရှိပြီးနောက် လိုင်စင်ထပ်မံရရှိခြင်းမရှိတော့ပေ။ ဘုန်းကြီးကျောင်း ၀င်းထဲတွင် ကျားကောင်ရေ တစ်ရာကျော်အတွက်ထားရှိရန် နေရာအခက်အခဲမှာလည်း စိန်ခေါ်မှု တစ်ရပ် လည်း ဖြစ်သည်။အဆိုပါ ဘုန်းကြီးကျောင်း၏တောရိုင်းတိရိစ္ဆာန်ကြီးကြပ်ရေးမှူး Supitpong Pakdijarung က အင်တာဗျူး ဖြေကြားရာတွင် ထိန်းချုပ်ခံထားရသကဲ့သို့ဖြစ်နေပြီး၊ ငြင်းဆန်နေခဲ့ကာ ကျားများမွေးခွင့်အတွက် ကို အဆုံးအစွန်ထိကြိုးစားသွားမည်ဖြစ်ကြောင်းကိုသာပြောကြားသွားခဲ့သည်။


ထိုင်းနိုင်ငံကျားကျောင်း၏ မူလအမည်မှာ Parang Tabb Temple ဖြစ်ကာ ထိုင်းနိုင်ငံ ကန်ချာပူရီ၏ အနောက်ဘက်မှာတည်ရှိပြီး ယခုအခါ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိပြီဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် ၁၉၉၉ခုနှစ်မှာ ကျားပေါက်လေးကိုစတင်မွေးဖွားခဲ့ရာမှ ယခုလက်ရှိ အချိန်အထိ ကောင်ရေ တစ်ရာကျော်ရှိနေပြီဖြစ်ကာ ယင်းကြောင့်လည်း နာမည်ကြီးဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်လာခဲ့ရသည်။


ကျားများရှိသောအဆိုပါ ဘုန်းကြီးကျောင်းသို့ ကမ္ဘာလှည့်ခရီးသွားများ အမျာအပြားလာရောက်ကြကာ ၀င်ကြေးမှာလည်းဈေးများလှသည်။ ကျားများမွေးမြူထားသောကြောင့် ဘာသာခြားများ၏ ဝေဖန်ခြင်းခံရပြီး အခြားသောဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကလည်း ဘုရားရှင်အဆုံးအမနှင့် ဝေးကွာ နေသည်ဟု ဝေဖန်မှု များလည်းရှိနေသည်။ ယခုလက်ရှိမှာတော့ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု၊ မှောင်ခိုဈေးကွက်နှင့်ဆက်စပ်နေသည် ဆိုသော သတင်းများကျယ်လောင်စွာထွက်ပေါ်နေသည်။

china.com Myanmar
http://myanmar.china.com
ထိုင်းနိုင်ငံရှိ နာမည်ကျော် ကျားကျောင်းမှ ကျားကောင်ရေ ၁၀၀ကျော်သွားစရာမြေမရှိဖြစ်နေ  ထိုင်းနိုင်ငံရှိ နာမည်ကျော် ကျားကျောင်းမှ ကျားကောင်ရေ ၁၀၀ကျော်သွားစရာမြေမရှိဖြစ်နေ Reviewed by THITHTOOLWIN on 12:46 Rating: 5
Powered by Blogger.