သမ္မတအသစ် ဦးထင်ကျော်ထံ သမ္မတဦးသိန်းစိန် သဝဏ်လွှာပို့

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ထံပေးပို့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို တွေ့ရစဉ်။ Photo: Myanmar President Office
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ထံကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။

သ၀ဏ်လွှာမှာ နိုင်ငံတော်အစိုးရတာဝန်တွေ လွှဲပြောင်းပေးဖို့အတွက် စီစဉ်ထားရှိပြီးဖြစ်တယ်လို့ ပါရှိပါတယ်။ အလားတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ကလည်း ဦးထင်ကျော် သမ္မတ အဖြစ် တင်မြှောက်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပေးပို့ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ့ကိုယ်စားပြု အရပ်သားသမ္မတ သစ် ပေါ်ထွန်းလာတဲ့အတွက် ဂုဏ်ယူကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် နီးကပ်စွာပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဦးထင်ကျော်ထံ သ၀ဏ်လွှာပေးပို့လိုက်တယ်လို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull က ဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူကြောင်း၊ တချိန်တည်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ရှိမယ်ဆိုတာ ယုံကြည်ကြောင်း သ၀ဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ်ကစပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လည်း အသိအမှတ်ပြုကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရထံ တာဝန်လွှဲပြောင်းပေးဖို့ ဆောင်ရွက်ခဲ့ တာတွေကိုလည်း ဂုဏ်ယူမိကြောင်း သြစတြေးလျအစိုးရက ပြောကြားလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သမ္မတအသစ် ဦးထင်ကျော်ထံ သမ္မတဦးသိန်းစိန် သဝဏ်လွှာပို့  သမ္မတအသစ် ဦးထင်ကျော်ထံ သမ္မတဦးသိန်းစိန် သဝဏ်လွှာပို့ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.