မန္တလေးမင်္ဂလာဈေးမီးကြောင့် ဆိုင်ခန်းနှင့်လူနေတိုက်ခန်း (၃၆၅) ခန်း မီးထဲပါ သွား


 မန္တလေးမြို့ မင်္ဂလာဈေးမှာ မနေ့ကလောင်ကြွမ်းခဲ့တဲ့ မီးကြောင့် ဆိုင်ခန်းနဲ့ လူနေတိုက်ခန်း ပေါင်း ၃၆၅ ခန်းမီးထဲပါသွားတယ်လို့ သိရပါတယ်။ မင်္ဂလာဈေးမှာ ဆိုင်ခန်းနဲ့ လူနေခန်းပေါင်း ၅၅၀ ရှိလို့ အခုလောင်ကြွမ်းမှုဟာ မင်္ဂလာဈေး တစ်ခုလုံးရဲ့ ၄ ပုံ ၃ ပုံကျော်ကို ၀ါးမြိုသွားတာပါ။ မီးလောင်မှုကြောင့်ဆုံးရှုံးငွေတန်ဖိုး မတွက်ချက်ရသေးဘူးလို့် မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် လက်ရှိမှာ မန္တလေးမင်္ဂလာဈေး ကို ယာယီပိတ်ထားပြီး လုံခြုံရေးရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ မီးသတ်ကြက်ခြေနီအင်အား (၁၂၀၀) ကျော်နဲ့ မင်္ဂလာဈေး ပတ်လည်မှာ လုံခြုံရေးချပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မင်္ဂလာဈေးမီးလောင်မှုကြောင့် မီးသတ်သမား (၇) ဦး၊ ကြက်ခြေနီ တစ်ဦး၊ အရပ်သား တစ်ဦး၊ မီးခိုးမွန်အသက်ရှူကြပ်ခဲ့ပြီး မန်္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ဆေးရုံကနေ ပြန်လည်ဆင်းသွားပြီဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမင်္ဂလာဈေး မီးလောင်မှုကို မန္တလေးမြို့ပေါ်ရှိ မီးသတ်ယာဉ်အစီး (၁၂၀) ကျော်နဲ့ မီးသတ်တပ်ဖွဲ့ဝင် (၆၀၀) ကျော်အပြင် တပ်မတော်အင်အား (၃၀၀) ဦးခန့်၊ ရဲတပ်ဖွဲ့အင်အား (၂၅၀) ဦးခန့် ၊ အုပ်ချုပ်မှုယာဉ် (၄) စီး၊ အထောက်အကူပြုယာဉ် (၅) စီး၊ သန်ဒေအင်အား (၁၄၀)၊ အရန် (၁၈၀)၊ လူမှုရေးအသင်းအဖွဲ့များမှ ရေသယ်ယာဉ်များ၊ မီးသတ်ယာဉ်များ၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦးမြို့နယ်များမှ မီးသတ်ယာဉ်များလည်း လာရောက် ငြိမ်းသတ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

For Info News
https://www.facebook.com/forinfo
မန္တလေးမင်္ဂလာဈေးမီးကြောင့် ဆိုင်ခန်းနှင့်လူနေတိုက်ခန်း (၃၆၅) ခန်း မီးထဲပါ သွား  မန္တလေးမင်္ဂလာဈေးမီးကြောင့် ဆိုင်ခန်းနှင့်လူနေတိုက်ခန်း (၃၆၅) ခန်း မီးထဲပါ သွား Reviewed by THITHTOOLWIN on 12:07 Rating: 5
Powered by Blogger.