သစ်သယ်ဆောင်လာသော ၁၂ ဘီးယာဉ်ကြောင့် ၀န်နှင့်အား မမျှ၍ တံတားကျိုးကျ


ကျိုက်မရော မတ် ၂၃

မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ် တရနာ-ဘုရားကုန်းလမ်း မိုင်တိုင်အမှတ် (၂၆x၂၇)ကြား လမုခိုကျေးရွာအုပ်စုအတွင်းရှိ ဖား ဘောင်တံတား (ဘေလီသံပေါင် အမျိုးအစား)သည် မတ် ၂ဝ ရက် ညနေ ၆ နာရီက ကရင်ပြည်နယ် ဘက်မှ မောင်းနှင်လာသော သစ် သယ်ဆောင်လာသည့် ၁၂ ဘီး ယာဉ်ကြောင့် ကျိုးကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

တံတားကျိုးကျမှုကြောင့် လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ယာယီလမ်းလွှဲ အား သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်FCGCကုမ္ပဏီမှ တာဝန်ရှိသူ တို့ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ သည်။ အဆိုပါ တံတားကျိုးကျမှု နှင့်ပတ်သက်၍ သစ်သယ်ဆောင် လာသော ယာဉ်အမှတ်8D/----- ယာဉ်မောင်း ဦးစည်သူအောင် မုဒုံမြို့ မြို့မ(၄) ရပ်ကွက်နေသူနှင့် ယာဉ်နောက်လိုက် ဦးအောင်ဝင်း တို့ကို ချောင်းနှစ်ခွ နယ်မြေရဲစခန်း က အမှုဖွင့်အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

နိုင်ထွန်း(ပြန်/ဆက်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သစ်သယ်ဆောင်လာသော ၁၂ ဘီးယာဉ်ကြောင့် ၀န်နှင့်အား မမျှ၍ တံတားကျိုးကျ  သစ်သယ်ဆောင်လာသော ၁၂ ဘီးယာဉ်ကြောင့် ၀န်နှင့်အား မမျှ၍ တံတားကျိုးကျ Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.