အမှတ်(၄/၅)ဘဝသစ်ဆင်ဖြူရှင်စခန်း၌ မီးလောင်မှုဖြစ်ပွား


တနင်္သာရီ မတ်လ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု-ထုံခါးကျေးရွာရှိအမှတ်(၄/၅) ဘဝသစ်ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် တာဝန်ခံဦးစီးအရာရှိ ဦးအောင်မင်း နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှစ၍ မတ်လ ၁၈ ရက် မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်အချိန် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ရာ ပုဂ္ဂလိကပိုင်ရေသယ်ယာဉ်နှစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများစုပေါင်း ၍ မီးငြိမ်းသတ်ကြရာ မွန်းလွှဲ ၃နာရီ ၃ဝအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့မီးလောင်ကျွမ်းမှုကြောင့် တာဝန်ခံဦးစီးအရာရှိ ဦးအောင်မင်း နေအိမ်(၃၅)ပေ ပတ်လည်(တစ်)လုံး၊ ရုံးခန်း(တစ်)လုံး၊ ရဲဘက်ဝန်ထမ်းများ၏ အဝတ်အစားများသိုလှောင်ထားသည့်(၅ဝပေx၂ဝပေ)ရှိ ဂိုဒေါင်(တစ်လုံး)၊ အကျဉ်းသားရိက္ခာဆန်ဂိုဒေါင်(၁၅ဝပေ)အနံ(၄၅ပေ)ရှိ(တစ်)လုံး၊ စပါးတလင်းဂိုဒေါင်အလျား(၁၅ဝပေ)၊အနံ(၄၅ပေ) ရှိ(နှစ်)လုံး၊ (မီးစက်၊ စပါးခြွေစက်၊ လက်တွန်းထွန်စက်များ) ထားရှိရာ မီးစက်ဂိုဒေါင်(တစ်)လုံးနှင့် အတူ မျိုးစပါး (ကျော်ဇေယျစပါးမျိုး၊ ပသျှူးမျိုး)(၄၅ဝ)တင်း၊ ဆန်(၂ဝဝ)အိတ် ခန့်နှင့်လုပ်အားရှင်ဝတ်စုံ(၆ဝဝ)စုံခန့်တို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။


၎င်းမီးလောင်မှုအခင်းဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး- စောမောင် ၊ မြို့မစခန်းမှူး ရဲအုပ်မောင်မောင် နှင့်တပ်ဖွဲ့ဝင်များ ၊ အမှတ်(၅၅၈)ခြေမြန်တပ်ရင်းမှ တပ်မတော်သား၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင် နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သည် မီးသတ်ယာဉ်များနှင့်အတူ မွန်းလွဲ ၃နာရီ ၃ဝ မိနစ် အချိန်တွင် သွားရောက်၍ ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သတင်း ရရှိသည်။

နန်းသာရီ-(ပြန်ဆက်)
ဓါတ်ပုံ- မြို့နယ်ရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမှတ်(၄/၅)ဘဝသစ်ဆင်ဖြူရှင်စခန်း၌ မီးလောင်မှုဖြစ်ပွား  အမှတ်(၄/၅)ဘဝသစ်ဆင်ဖြူရှင်စခန်း၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.