အမြန်လမ်းတွင် ကားမှန်များ ကွဲ/မကွဲသိရှိလိုသောကြောင့် လေးခွဖြင့် ပစ်ခတ်သူကို ဖမ်းမိ


 ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်များအား လေးခွဖြင့်ပစ်ခတ်သူကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်အရေးယူထား

နေပြည်တော်၊ မတ် ၃

၂၀၁၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၀/၆)အနီးတွင် ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဦးအောင်မြတ်မော်(၃၇)နှစ်မောင်းနှင်လာသည့် 2J/×××× ရွှေမန္တလာ(ခဲရောင်)ခရီးသည်တင်မှန်လုံယာဉ်နှင့် မိတ္ထီလာမြို့နယ်၊ သရက်ခြံရွာနေ ဦးမောင်နိုင်(၄၃)နှစ်မောင်းနှင်သည့် 5I/×××× ရွှေမန္တလာ(အဖြူရောင်)ခရီးသည်တင်မှန်လုံယဉ်တို့ လေးခွဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှမီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။


 စစ်ဆေးချက်အရ 2J/×××× ယာဉ်၏ ယာဘက်ဘေးတံခါးမှန်နှင့် 5I/×××× ယာဉ်၏ ယာဘက်ဘေး တံခါးမှန်တို့တွင် လေးခွထိမှန်သည့် အပေါက်(၁)ပေါက်စီတွေ့ရှိရပြီး ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရ၍ အဖွဲ့(၃)ဖွဲ့ခွဲကာ လိုက်လံရှာဖွေခဲ့သည်။

 ထိုသို့ ရှာဖွေရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် တောထဲ၌ နွားကျောင်းနေသော အုတ်တွင်းမြို့နယ်၊ ဝါးစွပ်ကွင်းရွာနေ ပိုင်ပိုင်(ခ)ရန်ပိုင်စိုး(၁၅)နှစ်၊ တစ်ရွာတည်းနေ ထွဋ်ခေါင်(၁၃)နှစ်၊ ချစ်မင်း (၁၂)နှစ်နှင့် မင်းခန့်ကျော်(၈)နှစ်တို့အား တွေ့ရှိသဖြင့် မေးမြန်းခဲ့သည်။

 မေးမြန်းချက်အရ ၎င်းတို့ (၄)ဦးထဲမှ ပိုင်ပိုင်(ခ)ရန်ပိုင်စိုးက လေးခွဖြင့် ပစ်ခတ်လျှင် ကားမှန်များကွဲ/မကွဲသိရှိလိုသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ သက်သေခံလေးခွနှင့် လောက်စာလုံးများသိမ်းဆည်းပြီး ပိုင်ပိုင်(ခ)ရန်ပိုင်စိုးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း(ပ)၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်းတွင် ကားမှန်များ ကွဲ/မကွဲသိရှိလိုသောကြောင့် လေးခွဖြင့် ပစ်ခတ်သူကို ဖမ်းမိ  အမြန်လမ်းတွင် ကားမှန်များ ကွဲ/မကွဲသိရှိလိုသောကြောင့် လေးခွဖြင့် ပစ်ခတ်သူကို ဖမ်းမိ Reviewed by THITHTOOLWIN on 04:12 Rating: 5
Powered by Blogger.