ဓားဖြင့် ခုတ်မည်ဟုပြောဆို၍ ဆိုင်ကယ်အား လုယူထွက်ပြေး


မန္တလေး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် လမ်း ၃ဝ နှင့် ၅၈လမ်းထောင့်နေ မိုးမြင့်(၁၇နှစ်)သည် ယခုလ ၂၂ရက် နံနက် ၂နာရီခွဲက သူငယ်ချင်းအောင်ပြည့်စုံ(၁၇နှစ်)၊ ၂၆ လမ်း၊ ၅၈လမ်းနှင့် ၅၉လမ်းကြား အောင်မြေသာစံမြို့နယ်နေသူနှင့်အတူ ချမ်းအေးသာစံ မြို့နယ် ၃၂ လမ်းနှင့် ၇၄လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီး ၄၇ယ/----စကိုဖီအနက်ရောင်ဆိုင် ကယ်ဖြင့် ၂၆လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်ပြန်လာရာ ၂၆ လမ်း၊ လမ်း ၆ဝနှင့် ၆၁လမ်းကြား အရောက်တွင် စက်ရုပ်ကရီနာ အမျိုးအစားခဲရောင်မော်တော်ယာဉ်တစ်စီး နံပါတ်မမှတ်မိသည် နောက်မှအရှိန်ဖြင့် မောင်းနှင်၍ တိုက်မိမည်ကဲ့သို့ဖြစ်သဖြင့် ရှောင် တိမ်းစဉ် ဆိုင်ကယ်လဲကျခဲ့သည်။

 ဆိုင်ကယ်လဲကျစဉ် အဆိုပါမော် တော်ယာဉ်ပေါ်မှ အသက်(၂ဝ)ခန့်ရှိ လူငယ်သုံးဦးဆင်းလာပြီး အရှည်တစ်တောင်ခန့်ရှိ ဓားတစ်ချောင်း၊ ခြောက်လက်မခန့်ရှိ ဓား မြှောင်တစ်ချောင်းတို့ ကိုင်ဆောင်၍ ခုတ်မည်ဟုပြောဆိုကာ မိုးမြင့်နှင့်အောင်ပြည့်စုံတိုထံပြေးလာသဖြင့် ၄င်းတို့နှစ်ဦးက ဆိုင်ကယ်အား ထား၍ထွက်ပြေးခဲ့ရာ ထိုလူသုံးဦးက ဆိုင်ကယ်အားယူဆောင် သွားခဲ့ကြောင်း မိုးမြင့်ကတိုင်တန်း၍ အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၁ဝ၅/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၈၂အရ အမှုဖွင့်ပြီး တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
https://www.facebook.com/uniondaily.net
ဓားဖြင့် ခုတ်မည်ဟုပြောဆို၍ ဆိုင်ကယ်အား လုယူထွက်ပြေး  ဓားဖြင့် ခုတ်မည်ဟုပြောဆို၍ ဆိုင်ကယ်အား လုယူထွက်ပြေး Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.