ရိုနယ်ဒို-မက်ဆီ ဘယ်သူပိုကောင်းသလဲ ငြင်းခုန်ရာမှ လူသတ်မှုဖြစ်ပွား


အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦး ရိုနယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းသလဲ ငြင်းခုန်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဟိန္ဒူစတန်တိုင်မ်း သတင်းစားက ဖော်ပြသည်။

အဆိုပါ သတင်းအရ အသက် ၂၂ နှစ်အရွယ် ချုဝမ်ဘာက အသက် ၃၄ နှစ်အရွယ် မိုက်ကယ်နှင့် မိုက်ကယ်၏မွေးနေ့ပွဲအတွက် သောက်စားကြစဉ် ၎င်းတို့နှစ်ဦးအကြား ရိုနယ်ဒို-မက်ဆီ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး မိုက်ကယ်မှ ချုဝမ်ဘာကို ဖန်ခွက်ဖြင့် ပစ်ပေါက်ခဲ့ရာ ပစ်မှတ်ကို မထိမှန်ဘဲ နံရံကိုထိ၍ ဖန်ခွက် ကွဲစင်ခဲ့သည်။ ထို့နောက် ချုဝမ်ဘာက ယင်း ဖန်ခွက်အကွဲစကို ကောက်ယူ၍ မိုက်ကယ်အား ထိုးသတ်ခဲ့သည်ဟုဆိုသည်။

ရဲစစ်ချက်အရ ချုဝမ်ဘာမှ ရိုနယ်ဒိုသည် မက်ဆီထက် ပိုကောင်းသည်ဟုဆိုပြီး မိုက်ကယ်ကမူ မက်ဆီက ပိုမို ထူးချွန်သောကစားသမားဖြစ်ကြောင်း ငြင်းခုန်ကြသည်ဟု ဆိုသည်။

“လူသတ်မှုကျုးလွန်သူကို ကျွန်တော်တို့ ဖမ်းဆီးထားပါပြီ။ ဒီ လူသတ်မှုဟာ တကယ်ပဲ အသေးအဖွား အငြင်းပွားမှုကနေ ဖြစ်တာလားဆိုတာကို စစ်ဆေးနေဆဲပါ”ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

ရည်ညွှန်း-ဘလီချာရီပေါ့ထ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရိုနယ်ဒို-မက်ဆီ ဘယ်သူပိုကောင်းသလဲ ငြင်းခုန်ရာမှ လူသတ်မှုဖြစ်ပွား  ရိုနယ်ဒို-မက်ဆီ ဘယ်သူပိုကောင်းသလဲ ငြင်းခုန်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.