ထိုင်းနိုင်ငံ လက်နက်အရောင်းဆိုင်အား အာရှ နိုင်ငံသား ငါးဦး ၀င်ရောက်လုယက်


Breaking news on 4March2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ကျလန်ကုန် လမ်း စံရော့ပလာဇာ အနီး လမ်းမဘေးမှ အမှတ် ၁၂၇/၁ လက်နက်မျိုးစုံအရောင်ဆိုင်ကို အာရှ နိုင်ငံသားဟု ယူဆရသောတရုတ်လူမျိုး ငါးဦး ၀င်ရောက် လုယက်ခဲ့ကြလို့  ဆိုင်ရှင်က ပြန်လည် တိုက်ခဲ့ကြောင်း ၊ BB Gun သေနတ်အတုနဲ့  ဓါးတွေကိုင်ဆောင်ပြီး ဆိုင်တွင်းဝင်ရောက် လုယက် နေကြစဉ် အပြင်မှာ ကင်းလညှ့်နေကြတဲ့ ရဲတွေကအချိန်မှီရောက် လာကြပါတယ်။


လုယက်တဲ့ လူငါးဦး ဆိုင်အပြင်ထွက်လာချိန်မှာထိုင်း ရဲတွေ က ပစ်ခတ်လို့  တစ်ဦးသေဆုံး နှစ်ဦးသေနတ်ဒဏ်ရာရခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်၊ ဦးဆောင်လာသူ တဦးကတော့ ထွက်ပြေးလွတ်မြောက်သွားလို့  ထိုင်းရဲတွေ လမ်းတွေပိတ်ဆို့ ရှာဖွေဖမ်းဆီးနေပါတယ်။


နောက်ဆုံးဖေါ်ပြတဲ့ သတင်းတွေမှာ တရားခံလုယက်သူ ငါးဦးမှာ မွန်ဂိုးလီယား နိုင်ငံသား နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားကြကြောင်း၊နှစ်ဦးနံမည်မှာ လီနဲ့  ၀မ်ကျင်ဝေဖြစ်တယ်လို့  ဆိုပါတယ်။


ယခုဖြစ်ရပ်နဲ့  ပါတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်ဟုတ်မဟုတ် ကို ရဲတွေက ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

မန်နေဂျာ အွန်လိုင်း
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ လက်နက်အရောင်းဆိုင်အား အာရှ နိုင်ငံသား ငါးဦး ၀င်ရောက်လုယက်  ထိုင်းနိုင်ငံ လက်နက်အရောင်းဆိုင်အား အာရှ နိုင်ငံသား ငါးဦး ၀င်ရောက်လုယက် Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.