ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပီယာဖောင်းရေနုတ်မြောင်းအတွင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအလောင်းတွေ့ရှိ


မယ်ဆိုင် မတ် ၁၁

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင် မယ်ဆိုင်မြို့ ပီယားဖောင်း (၁၃)ရပ်ကွက် ရေနုတ်မြောင်းအတွင်း မတ် ၁ဝ ရက် ထိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက မြန်မာ ရွှေ့ ပြောင်းအလုပ်သမားတစ်ဦးဟု ယူဆ ရသော လူသေအလောင်းတွေ့ရှိ ရကြောင်း မယ်ဆိုင်သတင်းတစ်ရပ် မှ သိရသည်။

သတင်းပေးချက်အရ ထိုင်း နိုင်ငံ မယ်ဆိုင်မြို့မှ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့ များ၊ မယ်ဆိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ဆေးရုံမှမှုခင်း ဆရာဝန်များ၏ သွားရောက်စစ်ဆေး ချက်အရ သေဆုံးသူ၏ အိတ်ကပ် အတွင်း၌ မောင်ဇော်နိုင် (၂၄ နှစ်)အမည်ဖြင့် ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ခွင့်ရှိသော အလုပ်သမားကတ် တစ်ခုနှင့် ထိုင်း-မြန်မာသုံး ငွေကြေး ရောရာအနည်းငယ်တွေ့ရှိရကြောင်း၊ မယ်ဆိုင်ဆေး ဆရာဝန်များ စစ်ဆေး ချက်အရ အလောင်းမှာ ရေမြောင်း အတွင်း တစ်ရက်ခန့်ကြာ နစ်မြုပ် ထားသည့် အခြေအနေရှိပြီး အဝတ် အစားများတွင် ရွှံများပေကျံလျက် ရှိကာ ပြင်ပဒဏ်ရာ သဲလွန်စမတွေ့ ရှိကြောင်း မယ်ဆိုင်ဆေးရုံးမှ တာဝန်ရှိသူ နိုင်းပလာဆစ်ထင်ထုပ် က ပြောသည်။

အမှုမှ သေဆုံးသူ မောင်ဇော် နိုင်(၂၄ နှစ်)နှင့်ပတ်သက်၍ ထိုင်း နိုင်ငံ မယ်ဆိုင်မြို့မရဲစခန်းက သေမှု သေခင်းရေးဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ဆက် လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း မယ်ဆိုင်ရဲစခန်းမှ သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပီယာဖောင်းရေနုတ်မြောင်းအတွင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအလောင်းတွေ့ရှိ  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပီယာဖောင်းရေနုတ်မြောင်းအတွင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.