ရုပ်ရှင်သရုပ်ဆောင် လင်းမောင်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပုဒ်မ ၃ ခု တိုးကာ ထပ်မံတရားစွဲဆို


တပ်မတော်အား စော်ကားသော စာသားများပါသည့် ကားပိုင်ရှင် ရုပ်ရှင်သရုပ်ဆောင် လင်းမောင်အား မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပုဒ်မ ၃ ခုဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြာင်း ကမာရွတ် မြို့မရဲစခန်းမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းမှ နိုင်ငံတော်အလံ အကြည်ညိုပျက်စေမှု ပုဒ်မ ၁၆ ဖြင့် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး အသေရေဖျက်မှု ပုဒ်မ ၅၀၀၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အရာရှိတစ်ဦးက စခန်းမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၆ နဲ့ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ” ဟု မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ကမာရွတ်မြို့မ ရဲစခန်းမှ တာဝန်ကျ တစ်ဦးက ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် လင်းမောင်းမှာ တပ်မတော်အား စော်ကားသည့် စာသားများအား ၎င်းစီးနင်းသည့် ကားအား လည်းတန်းခုံးကျော် တံတားပေါ်တွင် မှုတ်ဆေးဖြင့်မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ရေးသားခဲ့သည့် အတွက် ကမာရွတ် ရဲစခန်းမှ ၅၀၅(ခ)၊ ၂၉၄၊ ၂၉၅ ဖြင့် တရားလိုပြုလုပ်၍ အမှုဖွင့်ထားပြီး ယာဉ်ထိန်းမှ ယာဉ် သက်သေခံ လက်မှတ်မရှိ ယာဉ်မောင်းလိုင်စင် မရှိသည့်အတွက် မော်တော်ယာဉ် အက် ပုဒ်မ ၅၈ ဖြင့် တရားစွဲဆိုထားပြီး ယခုပုဒ်မ ၃ ခုထပ်တိုးခဲ့သည့်အတွက် ပုဒ်မ ၇ ခုဖြင့် အမှုရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင် လင်းမောင်းမှာ ကမာရွတ်မြို့နယ် တရားရုံးတွင် မတ်လ ၁၄ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
Photo - Saiga Brang FB
The Ladies News
https://www.facebook.com/News.TheLadies/
ရုပ်ရှင်သရုပ်ဆောင် လင်းမောင်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပုဒ်မ ၃ ခု တိုးကာ ထပ်မံတရားစွဲဆို ရုပ်ရှင်သရုပ်ဆောင် လင်းမောင်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပုဒ်မ ၃ ခု တိုးကာ ထပ်မံတရားစွဲဆို Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.