မြန်မာနိုင်ငံသား (၄)ဦး က ထိုင်းရဲအား သတ်ဖြတ်


Breaking news on 16March 2016

ထိုင်းမြန်မာ နယ်စပ် ထဆောင်ရမ် ခရိုင်အတွင်း ရှိ ထိုင်းနိုင်ငံဘက် တွင် ဖွင့်လစ်ထားသည့် မယ်လ ဒုက္ခသည်စခန်းအတွင်း နေထိုင်နေသူ မြန်မာနိုင်ငံသား(၄) ဦးမှ ထိုင်းနယ်ခြားစောင့် ရဲတဦးအား သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ကြောင်း ထိုင်းနိုင်ငံManager online သတင်းမှာ ဖေါ်ပြထားပါတယ်။


ထိုင်းရဲ့ တပ်ကြပ် ဖိုင်ထွန် အသက်(၄၁)က မြန်မာနိုင်ငံ ဘက်မှာ ဆိတ် များ သယ်ဆောင် လာသူ လေးဦးအား တားဆီး စစ်ဆေးရာမှာ အဆိုပါ တရားခံ(၄)ဦးက ထိုင်းရပ်တပ်ကြပ်အား ၀ိုင်းတိုက်ခိုက်ခဲ့ကြတာပါ။
ထိုင်းရဲတပ်ကြပ်ဟာ သေနတ်ဒဏ်ရာ ဓါးခုတ်ဒဏ်ရာများနဲ့  အခင်းဖြစ်ပွားတဲ့ နေရာမှာသေ ဆုံးသွားခဲ့တယ်။


အခင်းဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ တရားခံတွေကို ဖမ်းမိနိုင်ဘို့  အတွက် ထိုင်းရဲတပ်ဖွဲ့ က ကရင်အမျိုးသားအစည်းရုံး (KNLA) လက်အောက်ခံ တပ်ရင်းများကို အကူညီတောင်းခံခဲ့ကြောင်း၊ ယနေ့ မနက် ၁နာရီတွင် မြန်မာနိုင်ငံဘက်မှ လူသတ်တရားခံလေးဦးကို ကရင် လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီး ပြီး ထဆောင်ရမ် ထိုင်းနယ်ခြားစောင့် ရဲများထံ အပ်နှံခဲ့ပါတယ်။

အဆိုပါ လူသတ်တရားခံတွေကတော့
(၁) နိုအာရမ်
(၂) ကိုစင်း
(၃) ကာမဒင်
(၄) မာဆပ် တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

သုံးယောက်ဟာ ညီအကိုတွေဖြစ်ကြပြီး မယ်လ ဒုက္ခသည်စခန်းမှာ နေထိုင်နေသူတွေ ဖြစ်ပါတယ်။

Manager online
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
မြန်မာနိုင်ငံသား (၄)ဦး က ထိုင်းရဲအား သတ်ဖြတ်  မြန်မာနိုင်ငံသား (၄)ဦး က ထိုင်းရဲအား သတ်ဖြတ် Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.