တောင်ကြီးမြို့၌ မီးလောင်မှုဖြစ်ပွား


တောင်ကြီး မတ် ၁၄

ရှမ်းပြည်နယ်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၀)တွင် မတ်လ ၁၄ ရက် ည ၇နာရီ ၄၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၀) အမှတ်(၄၃)နေ ဒေါ်နန်းရွှေ ယိုင်း ပိုင်ဆိုင်သော Amazing ဆိုင်ကယ်အလှပြင်ဆိုင်၌ လျှပ်စစ်ဝါယာရှော့ဖြစ် ၍ ည ၇နာရီ ၄၅မိနစ်ခန့်က မီးစတင် လောင်ကျွမ်းရာ မီးလောင်ရာသို့ မီးသတ် ကား(၅)စီး၊ ရေသယ်ယာဉ်(၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိ လာပြီး မီးငြိမ်းသတ်သဖြင့် ည ၈နာရီ ၁၀ မိနစ်ခန့်တွင်မီးငြိမ်း သွားကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကြောင့် အမျိုးသားတစ်ဦး မီးဟတ်ဒဏ်ရာရရှိပြီး စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသလျက်ပြီး အခြားထိခိုက်ဒဏ်ရာရှိမှု/အသက် ဆုံးရှုံးမှုမရှိကြောင်းနှင့် ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်ကြီးမြို့၌ မီးလောင်မှုဖြစ်ပွား   တောင်ကြီးမြို့၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.