မန္တလေး မင်္ဂလာဈေး မီးလောင်

 မင်္ဂလာဈေး တစ်ခုလုံး နီးပါး မီးထဲပါ
မန္တလေးမြို့ ဆေးတက္ကသိုလ် အနီးက မင်္ဂလာ ဈေးကြီးမှာ မတ်လ ၂၂ ရက် နေ့ ညနေ ၆ နာရီ နီးပါးက စပြီး မီးလောင် နေခဲ့ပါတယ်။

မန္တလေးရဲ့ ဒုတိယ အကြီးဆုံး ဈေးကြီးမှာ နာရီ အတော်ကြာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ဈေးကြီး တခုလုံး နီးပါး ပါသွားပြီလို့ အဲဒီ နေရာကို ကိုယ်တိုင် ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မီးလောင်တဲ့ အဆင့်ကို အဆင့် ၄ သတ်မှတ်ပြီးနောက် အဆင့် ၅ အထိ မီးသတ် ဌာနက တိုးမြှင့် သတ်မှတ်လိုက်ပြီး မန္တလေးမြို့ အနီးဝန်းကျင်က မေမြို့၊ ကျောက်ဆည်၊ မြစ်သား စတဲ့ မြို့တွေက မီးသတ် ဌာနက မီးသတ်ကားတွေ လာရောက် ကူညီပြီး မီးငြှိမ်းသတ်ပေးနေတယ်လို့ သူက ပြောပါတယ်။

မင်္ဂလာဈေးကနေ ဘေးဝန်းကျင် အဆောက်အဦ တွေကို ကူးစက် လောင်ကျွမ်းတာတော့ မရှိဘူးလို့ လည်းသူက ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
မန္တလေး မင်္ဂလာဈေး မီးလောင်  မန္တလေး မင်္ဂလာဈေး မီးလောင် Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.