မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာတွင် နေအိမ် ၂ လုံးနှင့် ဂိုဒေါင်၂ လုံး မီးလောင်မှု ဖြစ်ပွား


မြောင်းမြ မတ် ၁၆

မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာ အုပ်စု ၊ လူတော်ကြီးကျေးရွာတွင် မတ်လ(၁၆)ရက်နေ့ ၊ နံနက် ၂ နာရီ ၃၀ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားသောအိမ်မှာ ဦးကျော်မိုး(ခ) ဦးမြင့်ဌေးနှင့် ဦးအောင်ဝင်း (ဘ) ဦးသိန်းမောင် နေအိမ်၂လုံးနှင့် ဦးတင့်ဝေ(ဘ)ဦးလှတင်၏ ဆန်နှင့်ဓာတ်မြေသြဇာ သိုလှောင် ထားသော ဂိုဒေါင်နှစ်လုံး တို့ပါဝင်ပြီး အိမ်ပိုင်ရှင်များမှာ လယ်ယာလုပ်ငန်းခွင်တွင် သွားရောက် နေထိုင်ကြသဖြင့် မီးလောင်စဉ်မှာ လူမနေသောအိမ်များဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပေါ်လျှင်ဖြစ်ခြင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျေးရွာပြည်သူများစုပေါင်း မီးငြိမ်းသတ်ခဲ့ရာ နံနက် (၄း၃၀) အချိန်တွင် အပြီး မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ခရိုင်လူမှု ၀န်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးခရိုင်အဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ သွားရောက် ပေးအပ်ခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရသည်။

အောင်မင်း (ခရိုင် ပြန်/ဆက်)
https://www.facebook.com/MOIWebportalMyanmar
မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာတွင် နေအိမ် ၂ လုံးနှင့် ဂိုဒေါင်၂ လုံး မီးလောင်မှု ဖြစ်ပွား  မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာတွင် နေအိမ် ၂ လုံးနှင့် ဂိုဒေါင်၂ လုံး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.