ကျားပါးစပ်အလုပ်သမား အချင်း ချင်း စကားများ ရန်ဖြစ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံး


 ကျွန်းစုမြို့၊ ကဘင်ကျေးရွာအုပ်စု၊ သဲအော်ကျေးရွာတွင် ကျားပါးစပ်အလုပ်သမား အချင်း ချင်း စကားများရန်ဖြစ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံး

ကျွန်းစု မတ်လ ၁၆ ရက်

ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ သဲအော်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ ည(၇) နာရီအချိန်ခန့်က ကျားပါးစပ်အလုပ်သမား အချင်းချင်း စကားများရန်ဖြစ်၍ ထိုးကြိတ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သဲအော်ကျေးရွာနေ ကျားပါးစပ်ရေလုပ်ငန်းရှင် ဒေါ်ပု၏ အလုပ်သမားခေါင်းဆောင် ဦးအောင်ဘာလေ ဦးဆောင်သော အလုပ်သမားများမှာ ကျားပါးစပ်ပိုက်တန်းဖော်ရန်အတွက် ရွာကမ်းစပ်တွင် လူစုနေစဉ် သဲအော်ကျေးရွာနေ အဘဦးဖေသန်း၏သား အလုပ်သမား ဦးအာလူး(ခ)ဦးရဲမြင့်ထွန်း အသက်(၄၄) သည် အရက်မူးယစ်ကာနောက်ကျမှ ရောက်ရှိလာပြီး လှေပေါ်သို့တက်စဉ် ပုဆိုးရေစိုသွားသည့် ကိစ္စနှင့်ပတ် သက်၍ အခြားအလုပ်သမားများဖြစ်ကြသော တစ်ရွာတည်းနေ ဌေးနိုင်(ခ)လှဌေး၊ ကုလား(ခ)မျိုးမင်း တို့နှင့် စကားများရန်ဖြစ်ကြရာမှ အပြန်အလှန်ထိုးကြိတ်ကြပြီး ဦးအားလူးမှာ လှေပေါ်တွင်လှဲကျသွားစဉ် ဌေးနိုင်မှ လှေပေါ်ရှိ အရှည်(၃)ပေခန့်ရှိ မျှောလုံးဖြင့် ရိုက်လိုက်ရာ ဦးအာလူးမှာ ဒဏ်ရာများအသီးသီးရရှိ၍ ဇနီးဖြစ်သူ ဒေါ်ခင်အေးက မတ်လ(၁၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန့်က ကံမော်နယ်မြေစခန်းသို့ လာရောက်တိုင် တန်း၍ ဒဏ်ရာရရှိသော ဦးအာလူးအား စခန်းသစ်တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသနေစဉ် မတ်လ(၁၅)ရက်နေ့ ည(၇)နာရီအချိန်က ရရှိသောဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဌေးနိုင်(ခ)လှဌေးနှင့် ကုလား(ခ)မျိုးမင်းတို့အား ကံမော်နယ်မြေရဲစခန်းမှ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Ko Kyunthar (fb)

ကျားပါးစပ်အလုပ်သမား အချင်း ချင်း စကားများ ရန်ဖြစ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံး  ကျားပါးစပ်အလုပ်သမား အချင်း ချင်း စကားများ ရန်ဖြစ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.