မြဝတီမြို့ မဲထော်သလေးကျေးရွာ အနောက် ဘက်နှစ်မိုင်ခန့် ကားလမ်းပေါ်တွင် လူသတ်မှုဖြစ်ပွား


မြဝတီ မတ် ၈

ကရင်ပြည်နယ် မြဝတီမြို့နယ် မဲထော်သလေးကျေးရွာ အနောက် ဘက်နှစ်မိုင်ခန့် ကားလမ်းပေါ်၌ ယနေ့နံနက်ပိုင်းက လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၇ရက် နံနက် ၁၁ နာရီခန့်က မဲထော်သလေးကျေးရွာ အနောက်ဘက်နှစ်မိုင်ခန့် ရေကာတာ ချောင်းအနီးရှိ ဦးမျိုးရဲနီ၏ တောင်ယာ အနီးကားလမ်းမပေါ်၌ အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်း ရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်၊ ခေတ္တမြို့မစခန်းမှူး ရဲအုပ် အောင်ကိုလတ်နှင့် တပ်ဖွဲ့ဝင်များ သည် မဲထော်သလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်၊ ဆယ် အိမ်မှူး ဦးကျော်မိုးတို့က သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးဟမေး (၅၈ နှစ်) ကျပန်းလုပ် ဗိုလ်ရန်နိုင် နွားခြံလုပ်သား မဲထော်သလေး ကျေးရွာ မြဝတီမြို့နယ် နေထိုင်သူ ဖြစ်ပြီး သေဆုံးသူမှာ အင်္ကျီ၊ လုံချည် မပါရှိဘဲ ကိုယ်တုံးလုံးဖြင့် ဦးခေါင်း ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝဲနားထင် ပြတ်ရှ ဒဏ်ရာ၊ ဝဲ/ယာ ရင်အုံ ထိုးသွင်း ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ပြတ် ဒဏ်ရာ(လက်ဖဝါးရှာမတွေ့)စသည့် ဒဏ်ရာများရရှိထားပြီး သေဆုံးနေ သည်ကိုတွေ့ရှိခဲ့ရသည်။

ထို့နောက် အခင်းဖြစ်ပတ်ဝန်း ကျင်ကို ဆက်လက်ရှာဖွေရာ သေဆုံး သူ၏ ဓားဒဏ်ရာပါသော အင်္ကျီ/ လုံချည်နှင့် နိုကီရာအမျိုးအစား ဖုန်း တစ်လုံးတို့ကို တွေ့ရှိသဖြင့် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းခဲ့ပြီးနောက် သေဆုံးသူက ရဲဆေးစာဖြင့် မြဝတီ ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။

သေဆုံးသူမှာ အခင်းဖြစ်တွေ့ရှိ ချက်အရ တစ်ဦးတစ်ယောက်သော သူ၏ ပြုမူလုပ်ဆောင်ချက်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သေသူ၏ယောက်ဖ တော်စပ်သူ ဦးငွေသိန်း (၅၈နှစ်)တောင်ယာလုပ် မဲထော်သလေး ကျေးရွာနေထိုင်သူက တရားလိုပြုလုပ် တိုင်တန်းသဖြင့် အမှုဖွင့်ဆောင် ရွက်ခဲ့ပြီး ခေတ္တ စခန်းမှူး ရဲအုပ် အောင်ကိုလတ်က အမှုစစ်အဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အမှုမှ ပြစ်ကျူးလွန်သူကိုလည်း အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ခေတ္တစခန်းမှူး ရဲအုပ်အောင်ကိုလတ် ဦးစီးအဖွဲ့တို့က နယ်စပ် ဝင်/ထွက် ဂိတ်များ၊ အခင်းဖြစ်ရာကျေးရွာ ပတ်ဝန်းကျင်ရှိ တောင်ယာများ အတွင်းသို့ ပူးပေါင်းအဖွဲ့နှင့် ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မြဝတီမြို့ မဲထော်သလေးကျေးရွာ အနောက် ဘက်နှစ်မိုင်ခန့် ကားလမ်းပေါ်တွင် လူသတ်မှုဖြစ်ပွား  မြဝတီမြို့ မဲထော်သလေးကျေးရွာ အနောက် ဘက်နှစ်မိုင်ခန့် ကားလမ်းပေါ်တွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.