ဆေးဆိုင်အား ကားဖြင့် ဝင်ရောက် တိုက်မိသော ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်


တာချီလိတ် မတ် ၁၇

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမ ပေါ်၌ မတ် ၁၆ ရက် နံနက်က ဧကရီဆေးဆိုင်အတွင်းသို့ မတ်တူး အဖြူရောင်မော်တော်ယာဉ်ဖြင့် ဝင်ရောက်တိုက်မိ ပြီး ယာဉ်ပိုင်ရှင်မှာ မော်တော်ယာဉ်အားထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် ပုံလို့လမ်းဆုံဘက်မှ အားကစားရုံ မီးပွိုင့်လမ်းဆုံဘက်သို့ အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)မောင်းနှင်လာသည့် မတ်တူးအဖြူရောင်မော်တော်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ အိမ် အမှတ်(၁/၁၁၄) ဧကရီဆေးဆိုင်အတွင်းသို့ ဝင်ရောက် တိုက်မိခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် မတ်တူးအဖြူရောင် မော်တော်ယာဉ်၊ ဆိုင်အတွင်းရှိ ဆိုင်ကယ်တစ်စီး၊ ရောင်းချ ရန်ထားရှိသော ဆေးပစ္စည်းများ၊JAVA တံဆိပ်ပါစက်ဘီး ကိုးစီး၊ ဆိုင်ရှေ့ဆွဲတံခါးမကြီးနှင့် အိမ်တွင်းအုတ်နံရံတို့ ပျက်စီးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင် ကာ မော်တော်ယာဉ်ကိုထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူအား တာချီလိတ်မြို့မရဲစခန်းက အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆေးဆိုင်အား ကားဖြင့် ဝင်ရောက် တိုက်မိသော ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်   ဆေးဆိုင်အား ကားဖြင့် ဝင်ရောက် တိုက်မိသော ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.