ပြင်သစ်အမျိုးသမီးကို မုဒိန်းကျင့်ဟု သံသယရှိသူကိုဖမ်းဆီး


မနေ့ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ ၂၀၁၆ ခုနှစ် ကော်ကွတ်- ကော်ကုန် ထိုင်းကမ္ဘောဒီးယားနယ်စပ်(คลองใหญ่) ခလောင်ယိုင်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ မုဒိန်းကျင့်မှုနဲ့ပတ်သက်ဟုသံသယရှိသူ သင်္ဘောလိုက်ကမ္ဘောဒီးယားလူမျိုး ငါဖမ်းအလုပ်သမား ၂ဦး ထွက်ပြေး တိမ်းရှောင်နေတာကို ဖမ်းဆီးရမိပြီး ရဲစခန်းမှာစစ်ဆေးမေးမြန်းခဲ့ပါတယ်။

 ၎င်းငါးဖမ်းသင်္ဘောလိုက် ကမ္ဘောဒီးယားလူမျိုးသည် (ตราด)တရတ်ခရိုင်၊ (เกาะกูด)ကော်ကွတ်မြို့၊ (เกาะกูด)ကော်ကွတ်ရပ်ကွက်မှာ ပြင်သစ်ခရီးသွားဧည့်သည်အမျိုးသမီး ၂ ဦးကို မုဒိန်းကျင့်ပြီး နောက်အခြား ၂ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ စွဲချက်တင်ထားပါတယ်။ သို့သော် ၎င်းကမ္ဘောဒီးယား ငါဖမ်းလုပ်သားကတော့ မိမိတို့မကျူးလွန်ခဲ့ကြောင်းငြင်းဆိုပါတယ်။ ရဲမှူး Mr. နဖရတ် ရိထဖွန် (นพรัตน์ รินทพล) မှ ၄င်းကမ္ဘောဒီးယား ငါဖမ်းအလုပ်သမားများရဲ့ခန္ဓာကိုယ်မှာ တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ သက်သေအဖြစ်တွေ့ရှိရကြောင်း ဆိုပါတယ်။

 လက်ရှိမှာ ပြင်သစ်ခရီးသွားဧည့်သည်အမျိုးသမီး ၂ဦးကို ရဲတပ်ဖွဲ့မှ (ตราด)တရတ်ဆေးရုံးသို့ပို့ဆောင်ဆေးကုသပြီး အခုမှာ ဘေးကင်းသက်သာပြီ ဖြစ်ကြောင်းသိရပါတယ်။

MTF Channel
https://www.facebook.com/mtftv/
ပြင်သစ်အမျိုးသမီးကို မုဒိန်းကျင့်ဟု သံသယရှိသူကိုဖမ်းဆီး   ပြင်သစ်အမျိုးသမီးကို မုဒိန်းကျင့်ဟု သံသယရှိသူကိုဖမ်းဆီး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.