စစ်တွေတွင် အိမ်တစ်ဆောင် မီးလောင်


ရန်ကုန်၊ မတ် ၁၇

ယနေ့ နံနက် ၉ ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွာကြီးမြောက် ရပ်ကွက်၊ အေးစေတီဘုရားနီး အိမ်တစ်ဆောင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပျက်စီးဆုံးရှုံးမှု အနည်းအပါးသာ ရှိပြီး တစ်စုံတစ်ဦးမှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း ပြည်နယ် မီးသတ်ဦးစီးအရာရှိက ပြောသည်။

"မီးလောင်မှု မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ စဖြစ်တာပါ။ ဖြစ်ပုံက ဝါယာအပူများပြီးတော့ စလောင်တာပါ။ ကျွန်တော်တို့က ၉ နာရီ ၂၅ နာရီမှာ စတင်ပြီး မီးသတ်နိုင်ခဲ့ပါတယ်။ ၉ နာရီ ၄၅လောက်မှာ မီးငြိမ်း နိုင်ခဲ့ပါတယ်။ ဒဏ်ရာ ရတာမျိုးတွေ မရှိဘူးဗျ။ ပျက်စီးဆုံးရှုံးမှုက ၅ သိန်း ၆ သိန်းဖိုး လောက်ရှိပါတယ်" ဟု ပြည်နယ် မီးသတ်ဦးစီး အရာရှိက နိရဉ္စရာ သို့ ပြာသည်။

မီးလောင်သော အိမ်တွင် အဒေါ်ကြီး တစ်ယောက်တည်းသာ နေထိုင်ပြီး သားဖြစ်သူမှာ ရန်ကုန်တွင် နေထိုင်ကာ နောက်တစ်ဦးမှာ မကျန်ူမာ ဖြစ်၍ ဆေးရုံတင်ထားရသည်ဟု အနီးအနားပတ်ဝန်းကျင်က လူများ ပြောကြားသည်။

ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ