စစ်တွေတွင် အိမ်တစ်ဆောင် မီးလောင်


ရန်ကုန်၊ မတ် ၁၇

ယနေ့ နံနက် ၉ ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွာကြီးမြောက် ရပ်ကွက်၊ အေးစေတီဘုရားနီး အိမ်တစ်ဆောင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပျက်စီးဆုံးရှုံးမှု အနည်းအပါးသာ ရှိပြီး တစ်စုံတစ်ဦးမှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း ပြည်နယ် မီးသတ်ဦးစီးအရာရှိက ပြောသည်။

"မီးလောင်မှု မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ စဖြစ်တာပါ။ ဖြစ်ပုံက ဝါယာအပူများပြီးတော့ စလောင်တာပါ။ ကျွန်တော်တို့က ၉ နာရီ ၂၅ နာရီမှာ စတင်ပြီး မီးသတ်နိုင်ခဲ့ပါတယ်။ ၉ နာရီ ၄၅လောက်မှာ မီးငြိမ်း နိုင်ခဲ့ပါတယ်။ ဒဏ်ရာ ရတာမျိုးတွေ မရှိဘူးဗျ။ ပျက်စီးဆုံးရှုံးမှုက ၅ သိန်း ၆ သိန်းဖိုး လောက်ရှိပါတယ်" ဟု ပြည်နယ် မီးသတ်ဦးစီး အရာရှိက နိရဉ္စရာ သို့ ပြာသည်။

မီးလောင်သော အိမ်တွင် အဒေါ်ကြီး တစ်ယောက်တည်းသာ နေထိုင်ပြီး သားဖြစ်သူမှာ ရန်ကုန်တွင် နေထိုင်ကာ နောက်တစ်ဦးမှာ မကျန်ူမာ ဖြစ်၍ ဆေးရုံတင်ထားရသည်ဟု အနီးအနားပတ်ဝန်းကျင်က လူများ ပြောကြားသည်။

ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews
စစ်တွေတွင် အိမ်တစ်ဆောင် မီးလောင်  စစ်တွေတွင် အိမ်တစ်ဆောင် မီးလောင် Reviewed by THITHTOOLWIN on 15:27 Rating: 5
Powered by Blogger.