မီးစက်အိပ်ဇော မီးပွားလွင့်စင်ရာမှ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၄ဝ ခန့်မီးလောင်၊ အမျိုးသားတစ်ဦးသေဆုံး


မြိတ် မတ် ၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော်နယ် မြေရဲစခန်း၏ အနောက်မြောက်ဘက် ရေမိုင် ၂ဝ ခန့်အကွာ စခန်းသစ် ကျေးရွာအုပ်စု တောင်ပြိုကျေးရွာတွင် မတ် ၁ ရက် ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်က မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေအလုံး ၄ဝ ခန့် မီးလောင်ဆုံး ရှုံးခဲ့ပြီး အမျိုးသားတစ်ဦး မီးလောင် ကျွမ်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၏ အတည်ပြုချက် အရသိရသည်။

ဖြစ်စဉ်မှာ မြိတ်ခရိုင် ကျွန်းစုမြို့ နယ် စခန်းသစ်ကျေးရွာအုပ်စု တောင်ပြိုကျေးရွာတွင် မတ် ၁ ရက် ည ၁ဝ နာရီ မိနစ်၂ဝ ခန့်က ဦးအာဇိ(၅၈)နှစ် မြိတ်မြို့နေသူပိုင် ဆိုင်သော နေအိမ်တွင် နေထိုင်သည့် ဦးစိုးစိုး(၃၆)နှစ် ဥယျာဉ်လုပ် တောင်ပြိုကျေးရွာနေသူသည် မတ် ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် နေအိမ် ၌ မီးအသုံးပြုရန်အတွက် မီးစက်မောင်းထားပြီး နေအိမ်အပေါ်ထပ်တွင် TV ကြည့်ခဲ့ရာ ည ၁ဝ နာရီ မိနစ်၂ဝ ခန့်တွင် မီးစက်မှ ရေပိုက်ပြုတ်ထွက်၍ အပူလွန်ကဲကာ အိပ်ဇောပိုက်မှ ထွက်လာသော မီးပွားများမှတစ်ဆင့် မီးစက်ရုံအမိုး (ဓနိဖက်)အား မီးလောင်ကျွမ်းကာ မီးစက်မောင်းရန် ထားရှိသော ဆီပုံးအား မီးကူးစက်၍ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ စခန်းသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ အရန်မီးသတ် တပ်ခွဲမှူး ဦးခင်စိုးတို့ ဦးဆောင်သော စခန်းသစ်ကျေးရွာ ရေကန်အော် ကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ စုစုပေါင်းအင်အား ၅ဝ နှင့် ရွာသူ/ရွာသားများ ပူးပေါင်းပြီး အပေါ့စား မီးသတ်ရေစုပ်စက်ငါး လုံးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွန့် ကျိုးသွားခဲ့ပြီး မတ် ၂ ရက် နံနက် ဝဝ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးမန်လာ(၄၁)နှစ် (စိတ်မနှံသူ)မှာ မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ်တွင် အိပ်ပျော်နေခဲ့ရာမှ မီးလောင်ကျွမ်းခံခဲ့ရသဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၄ဝ ခန့် မီး လောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု(၅၉)စုတို့မှ မီးဘေးသင့်အိမ်ထောင်စုများအား ကျေးရွာရှိ မူလတန်းလွန်ကျောင်း၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ တာဝန်ရှိသူများက ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မီးစက်အိပ်ဇော မီးပွားလွင့်စင်ရာမှ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၄ဝ ခန့်မီးလောင်၊ အမျိုးသားတစ်ဦးသေဆုံး  မီးစက်အိပ်ဇော မီးပွားလွင့်စင်ရာမှ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၄ဝ ခန့်မီးလောင်၊ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.