ကျောက်ကြားစိမ့်ရေအိုင်၌ ရေခပ်နေစဉ် ကမ်းပါးနံရံမှ မြေကြီးတုံးကွာကျပိမိ၍ သေဆုံး



နေပြည်တော် မတ် ၂၂

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရေချိုကျေးရွာအနီး နတ်ထူးချောင်းရိုး အတွင်း၌ ရေခပ်နေသည့် အမျိုးသမီးတစ်ဦး မြေပိ၍ သေဆုံးကြောင်းသတင်းအရ မြစ်ခြေနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက မတ် ၂ဝ ရက် ညနေ ၃ နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရေချိုကျေးရွာနေ ဒေါ်ဝင်းနွဲ့(၅၁)နှစ် ဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဒေါ်ဝင်းနွဲ့သည် နတ်ထူးချောင်းရိုးအတွင်းရှိ ကျောက်ကြားစိမ့်ရေအိုင်၌ တစ်ဦးတည်းရေခပ်နေစဉ် ၄င်း၏ကျောပေါ်သို့ အမြင့်ရှစ်ပေခန့်ရှိကမ်းပါးနံရံမှ အလျား ငါးပေ၊ အနံ လေးပေ၊ အမြင့် ငါး ပေ ခန့်ရှိ မြေကြီးတုံးကွာကျပြီးပိမိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသဖြင့် ပခုက္ကူမြို့နယ် မြစ်ခြေနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ ။ ။ Kyaw Lin (facebook)

The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျောက်ကြားစိမ့်ရေအိုင်၌ ရေခပ်နေစဉ် ကမ်းပါးနံရံမှ မြေကြီးတုံးကွာကျပိမိ၍ သေဆုံး  ကျောက်ကြားစိမ့်ရေအိုင်၌ ရေခပ်နေစဉ် ကမ်းပါးနံရံမှ မြေကြီးတုံးကွာကျပိမိ၍ သေဆုံး Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.